
၂၀၂၅ ခုနှစ် ထိန်ချုံးသိပ္ပံပညာရှင်များဖိုရမ် – လန်ချန်း-မဲခေါင် ရိုးရာဆေးပညာ ပညာရပ်ဖလှယ်ပွဲကို ယူနန်ပြည်နယ်၊ တက်ဟုန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပခဲ့ရာ လန်ချန်း-မဲခေါင်နိုင်ငံခြောက်နိုင်ငံမှ အစိုးရအရာရှိများ၊ ပညာရှင်နှင့် ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်း ကိုယ်စားလှယ်များအပါအဝင် ပြည်တွင်းပြည်ပက ဧည့်သည်တော် ၂၀၀ ကျော် တက်ရောက်ကာ ဒစ်ဂျစ်တယ် ဉာဏ်ရည်တုဖြင့် ရိုးရာဆေးပညာ ခေတ်မီအသွင်ပြောင်းရေး၊ စံချိန်စံညွှန်းနှင့် ကိုက်ညီရေးနှင့် နိုင်ငံတကာဖြစ်စေရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်ရန် လမ်းကြောင်းသစ်များကို အတူတကွ ဆွေးနွေးခဲ့ကြသည်။
ယခုအကြိမ် ဖလှယ်ပွဲသည် "၂၀၂၅ တက်ဟုန်းသိပ္ပံပညာရှင်ဖိုရမ်"၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး တရုတ်ရိုးရာတိုင်းရင်းဆေးပညာအသင်း၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့် နည်းပညာ ဖလှယ်ရေးစင်တာ၊ ယူနန်ပြည်နယ် သိပ္ပံနှင့် နည်းပညာအသင်း၊ တက်ဟုန် တိုင်လူမျိုး ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့မှ ပူးတွဲကျင်းပခြင်း ဖြစ်သည်။ "ဒစ်ဂျစ်တယ် ဉာဏ်ရည်တုဖြင့် ရိုးရာဆေးပညာ အရည်အသွေး မြင့်မားစွာ တိုးတက်ရေးအတွက် စွမ်းရည်မြှင့်တင်ရန်" ခေါင်းစဥ်ဖြင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသရှိနိုင်ငံများအကြား ရိုးရာတိုင်းရင်းဆေးပညာနယ်ပယ်တွင် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲသည် တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိပြီး တရုတ်နိုင်ငံမှ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ ဆက်သွယ်ရာတံခါးပေါက်နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အချက်အချာအနေဖြင့် တရုတ်နှင့် ပြည်ပနိုင်ငံများအကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ကုယ်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွင် ရှေ့တန်းမျက်နှာစာမှ ပါဝင်ခဲ့သည်။