
ကမ္ဘာ့ဘဏ်သည် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပေကျင်း၌ တရုတ်နိုင်ငံ၏ စီးပွားရေး အခြေအနေ အစီရင်ခံစာအသစ်ကို ထုတ်ပြန်ခဲ့ပြီး ယခင်အစီရင်ခံစာနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု မျှော်မှန်းချက်ကို ဝ.၄ ရာခိုင်နှုန်း မြှင့်တင် ခဲ့သည်။
ကမ္ဘာ့ဘဏ်က တရုတ်အစိုးရ၏ ပိုမိုတက်ကြွသော ဘဏ္ဍာရေးမူဝါဒနှင့် အသင့်အတင့် ချောင်လည်သော ငွေကြေးမူဝါဒတို့က ပြည်တွင်းစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ထောက်ပံ့ ပေးနေကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံ၏ ပို့ကုန်ဈေးကွက်သည် ပိုမိုစုံလင်လာပြီး ပို့ကုန်၏ ခံနိုင်ရည် ရှိမှုကို ထိန်းသိမ်းရန် အထောက်အကူဖြစ်စေကြောင်း ဖော်ပြခဲ့သည်။