၂၀၂၄-၂၀၂၅ တရုတ်-အာဆီယံ လူမှုယဉ်ကျေးမှုဖလှယ်ရေးနှစ် အောင်မြင်စွာ ပြီးစီး

CGTN, December 15, 2025
Size:

တရုတ်ပြည်သူ့ နိုင်ငံခြားချစ်ကြည်ရေးအသင်းနှင့် မလေးရှား-တရုတ်ချစ်ကြည်ရေးအသင်းတို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၄-၂၀၂၅ တရုတ်-အာဆီယံ လူမှုယဉ်ကျေးမှုနှစ်   ပိတ်ပွဲအခမ်း အနား နှင့် ဆက်စပ် လှုပ်ရှားမှုများကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ မလေး ရှားနိုင်ငံ မလက္ကာ၌ ကျင်းပခဲ့ပါသည်။

လွန်ခဲ့သည့် ၂ နှစ်အတွင်း တရုတ်နှင့် အာဆီယံ အလွှာပေါင်းစုံတို့သည် အဆင့်မြင့်မားသော၊ ထိရောက်မှု ထင်ရှားပြီး လူကြိုက်များသော လူမှု ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှု အကြိမ် ၂၀၀ နီးပါးကို ပူးတွဲ ကျင်းပခဲ့ပြီး နှစ်ဖက်ပြည်သူများအကြား လူမှုယဉ်ကျေးမှု ရင်းနှီးမှုနှင့် အပြန် အလှန် နားလည်မှုများ မြှင့်တင်စေခဲ့ပါသည်။