ဒီဇင်ဘာလ ၂ ရက်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ သွန်လွန်ဆီလစ်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် အိမ်နီးချင်း သံတမန်ရေးရာများတွင် လာအိုနိုင်ငံကို အမြဲတမ်း ဦးစားပေးခဲ့ပြီး လာမည့်နှစ်တွင် တရုတ်နှင့်လာအို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၆၅ နှစ် ပြည့်မြောက်ခြင်းကို အခွင့်ကောင်း အဖြစ် မှတ်ယူ၍ ချစ်ကြည်ရေး အစဉ်အလာကို ဆက်လက်ထိန်းသိမ်းရန်၊ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်နှင့် ခေတ်သစ်တွင် တရုတ်နှင့် လာအိုနိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းခိုင်မာစေရန်၊ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုရရှိစေရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကြီးမားသော အကျိုးပြုမှုကို စွမ်းဆောင်သွားရန် လာအိုနိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။