
ဒီဇင်ဘာလ ၅ ရက်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တရုတ် ဝန်ကြီးချုပ် လီချန်သည် ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် ပေကျင်းမြို့၌ New Development ဘဏ် ဥက္ကဋ္ဌ Dilma Rousseff ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Ajaypal Singh Banga ၊ IMF ဒါရိုက်တာချုပ် Kristalina Georgieva ၊ WTO ဒါရိုက်တာချုပ် Ngozi Okonjo-Iweala ၊ UNCTAD အတွင်းရေးမှူးချုပ် Rebeca Grynspan ၊ ILO ဒါရိုက်တာချုပ် Gilbert Houngbo ၊ BIS မန်နေဂျာချုပ် Pablo Hernández de Cos ၊ FSB ဥက္ကဋ္ဌ Andrew Bailey ၊ AIIB ဘဏ်ဥက္ကဋ္ဌ Jin Liqun နှင့် OECD ဒုတိယ အတွင်းရေးမှူးချုပ် František Ruzicka စသည်တို့နှင့်အတူ 1+10 ဆွေးနွေးပွဲကို ကျင်းပမည်ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲ၏ အဓိကဆောင်ပုဒ်မှာ "ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ဆွေးနွေးခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေခြင်း" ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။