တရုတ်-အာဆီယံ ဒီဂျစ်တယ်စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို ထုတ်ပြန်

CGTN, December 9, 2025
Size:

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် တရုတ်-အာဆီယံ ဒီဂျစ်တယ် စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပုင်အုပ်ချုပ်ရေး ဒေသ ပေဟိုင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲ ကျင်းပစဉ်အတောအတွင်း တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ ဒီဂျစ်တယ်စီမံခန့်ခွဲရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးဆိုင်ရာ တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို ထုတ်ပြန်ခဲ့ပါသည်။

    အဆိုပါအဆိုပြုချက်တွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ဖွံ့ဖြိုး တိုးတက်ရေး မညီမျှမှု၊ စည်းမျဉ်းစည်းကမ်းမလုံလောက်မှုနှင့် စည်းစနည်းတရားမျှတမှု မရှိခြင်း စသည့်ပြဿနာများ၏ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးနှင့်အတူ စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို အားသစ်လောင်းပေးရန်၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုများကို စုစည်းရန်၊ ဒီဂျစ်တယ် စီမံခန့်ခွဲမှု၏ စွမ်းဆောင်ရည်နှင့် အဆင့်အတန်းကို လက်တွဲမြှင့်တင်ရန်နှင့် ပိုမိုရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရာတွင် အထောက်အကူပြုရန် ဆန္ဒရှိကြောင်း ဖော်ပြထားပါသည်။