တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြီးနောက် လေးနှစ်အတွင်း ခရီးသည် ၆၂.၅ သန်းကျော်ကို သယ်ယူပို့ဆောင်နိုင်ခဲ့

CGTN, December 8, 2025
Size:

China State Railway Group Co., Ltd. ကထုတ်ပြန်သော သတင်းအရ ယနေ့ (ဒီဇင်ဘာလ ၂ ရက်နေ့) အထိ တရုတ်-လာအို ရထားလမ်း စတင်လည်ပတ်သည့်အချိန်မှစ၍ လေးနှစ်တာကာလအတွင်း ခရီးသည် ၆၂.၅ သန်းကျော်နှင့် ကုန်စည်တန်ချိန် ၇၂.၅ သန်းကျော် သယ်ယူပို့ဆောင်ပေးခဲ့ပြီး အဓိက သယ်ယူပို့ဆောင်ရေး စင်္ကြံတစ်ခုအဖြစ် ၎င်း၏ ထိရောက်မှုကို ပြသနေကြောင်း သိရပါသည်။

စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ တရုတ်-လာအို ရထားလမ်း တရုတ်ပြည်တွင်းပိုင်းမှ ခရီးသည် ၅၁.၃၄ သန်းနှင့် လာအိုဘက် အပိုင်းမှ ခရီးသည် ၁၁.၂၄ သန်းကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။