“လန်ချန်း-မဲခေါင်နိုင်ငံများ ခရီးသွားလုပ်ငန်း လူငယ်သံအမတ်ကြီးလှုပ်ရှားမှု”စီမံကိန်း ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၁ ရက်နေ့ တွင် SiemReap တွင် ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wenbin၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဟူဟာ၊ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန အတွင်းရေးမှူး မင်ကျင်းရှင်တို့သည် အထက်ပါအခမ်းအနားသို့ ပါဝင်တက်ရောက်ပြီး မိန့်ခွန်းပြောကြားပါသည်။
လန်ချန်း-မဲခေါင်နိုင်ငံများတွင် ခရီးသွားလုပ်ငန်း အရင်းအမြစ် ပေါများပြီး ခရီးသွားလုပ်ငန်းသည် ဒေသနိုင်ငံများ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသောအင်အား ဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေဖြင့် ထောက်ပံ့ထားသော “လန်ချန်း-မဲခေါင်နိုင်ငံများ ခရီးသွားလုပ်ငန်း လူငယ်သံအမတ်ကြီးလှုပ်ရှားမှု”သည် လူငယ်များ၏အားသာချက်များနှင့် ကိန်းဝပ်အင်အားများကို ဖော်ထုတ်ခြင်း၊ လူငယ်များအကြား ကူးလူးဆက်ဆံရေးကို အားပေးခြင်းတို့ဖြင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်းကို လူသိများလာအောင် အသိပေးကြော်ငြာခြင်း၊ အသစ်တီထွင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအဆင့်အတန်း တိုးမြှင့်ရန် ရည်ရွယ်ထားပါသည်။
၎င်းလှုပ်ရှားမှုတွင် လန်ချန်း-မဲခေါင်နိုင်ငံများမှ လူငယ် ၂၆ ဦးအား “ခရီးသွားလုပ်ငန်းသံအမတ်ကြီး” ဟူသောလက်မှတ်ကို အပ်နှင်းပြီး များသည်ထက်များလာသော ဒေသခံလူငယ်များ ဤလှုပ်ရှားမှုသို့ ပါဝင်လာ၍ ခရီးသွားပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၏တံတားနှင့် ဒေသနိုင်ငံများ ဆက်ဆံရေးကို တိုးတက်စေသောချိတ်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်ရန် မျှော်လင်ကြောင်း သံအမတ်ကြီး Wang Wenbin ပြောကြားသည်။