ပိုမိုများပြားသည့် “တောင်ဘက်ခြမ်း အင်အား”များသည် ကမ္ဘာ့ စီးပွားရေး စီမံခန့်ခွဲမှုတွင် ပါဝင်လာ

CGTN, December 1, 2025
Size:

      ဒေသ စံတော်ချိန် ယခုလ ၂၃ရက်နေ့က G20 ခေါင်းဆောင်များ အကြိမ် ၂၀မြောက် ထိပ်သီး အစည်းအဝေးကို တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စဘတ်မြို့တွင် ကျင်းပပြီးစီး ခဲ့သည်။ ယခုအကြိမ် G20 ထိပ်သီး အစည်းအဝေးတွင် တရုတ် နိုင်ငံသည် လက်တွေ့ကျသော ဆောင်ရွက်ချက် များစွာကို တင်ပြပြီး စွမ်းအင်၊ စားနပ်ရိက္ခာနှင့် ဥာဏ်ရည်တု စသည့် နိုင်ငံ တကာ အသိုင်းအဝိုင်း၊ အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများမှ အာရုံစူးစိုက်ကြ သည့် ခေါင်း စဉ်များနှင့် ပတ်သက်၍ ကတိကဝတ်များကို ပြုကာ မတည်မငြိမ် ဖြစ်နေသည့် ကမ္ဘာ ကြီးအတွက် အဖိုးတန်သော သေချာမှုကို ဖြည့်သွင်းပေးခဲ့သည်။

        ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရန် အတွက် အဓိက ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည်။ လက်ရှိ ကမ္ဘာကြီးသည် ရာသီဥတု ပြောင်းလဲမှု၊ စွမ်းအင်နှင့် စားနပ်ရိက္ခာ စသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ယင်းစိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရန် အတွက် တရုတ် နိုင်ငံသည် အဆိုပြုချက် ၃ချက်ကို တင်ပြခဲ့သည်။ ယင်း အဆိုပြုချက် များတွင် ဂေဟစနစ်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့် ပြုလုပ်ပြီး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ရေရှည်ခိုင်မာမှု ရှိခြင်းကို တိုးမြှင့်ရန်၊ မြစိမ်းရောင် စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုအား အားဖြည့်ပြုလုပ်ပြီး တရားမျှတသော အသွင်ကူးပြောင်းမှုကို တွန်းအားပေးရန်နှင့် စားနပ်ရိက္ခာ ဖူလုံမှု ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ပြီး ထောက်ပံ့ရေး တည်ငြိမ်မှုကို အာမခံပေးရန် စသည်တို့ ပါဝင်သည်။ ယင်းတို့သည် ကမ္ဘာ့ တောင်ဘက်ခြမ်း၊ အထူးသဖြင့် ဝင်ငွေ အလယ် အလတ်နှင့် နည်းပါးသည့် နိုင်ငံများ ရင်ဆိုင်နေရသည့် အရေးတကြီး ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများ ဖြစ်သည်။

        အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည် ဖော်ဆောင်ရန် အတွက် စီမံခန့်ခွဲရေး အခက် အခဲများကို ကျော်လွှားဖြေရှင်းရန် လိုအပ်သည်။ လက်ရှိ ကမ္ဘာ့ စီးပွားရေး စီမံခန့်ခွဲမှု စနစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ခေတ်နောက်ကျမှုသည် သိသာထင်ရှားပြီး ကမ္ဘာ့ တောင် ဘက်ခြမ်း နိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောဆိုပိုင်ခွင့်မှာ အပြည့်အဝ ပြသခြင်း မရှိသေးပါ။

        ယခုအကြိမ် G20ထိပ်သီး အစည်းအဝေးတွင် တရုတ် နိုင်ငံက G20သည် ရှေ့ဆောင်ရှေ့ရွက် ပြုပြီး ဘက်ပေါင်းစုံ ဝါဒကို စွဲကိုင်ထားကာ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့နှင့် ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ စသည့် အဖွဲ့အစည်းများ၏ ပြုပြင် ပြောင်းလဲမှုများကို အရှိန်မြှင့် တွန်းအားပေးသင့်ကြောင်း အလေးထား ဖော်ပြခဲ့သည်။ ယင်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ပြောဆိုပိုင်ခွင့်ကို တိုးမြှင့်ရန်နှင့် ပိုမို တရားမျှတပြီး တံခါးဖွင့်မှု ရှိသော နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စည်းစနစ်ကို တည်ဆောက်ရန် အတွက် အထောက်အကူ ပြုမည် ဖြစ်သည်။ သက်ဆိုင်ရာ ဆောင်ရွက်ချက်များသည် ဖွံ့ဖြိုးဆဲ နိုင်ငံ များ၏ အကျိုးစီးပွားများကို ပိုမို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ပေးမည် ဖြစ်သည်။

        တရုတ် အသွင်ပုံစံ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို ထဲထဲဝင်ဝင် တွန်းအားပေးပြီး ကမ္ဘာ့ စီမံခန့်ခွဲမှု အဆိုပြုချက်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်လာသည်နှင့် အမျှ တရုတ် နိုင်ငံသည် အခြား ကမ္ဘာ့ တောင်ဘက်ခြမ်း နိုင်ငံများနှင့် အတူ G20 ဖွံ့ဖြိုး တိုးတက်မှုနှင့် ကမ္ဘာ့ စီမံခန့်ခွဲမှု အတွက် ပိုမို များပြားသည့် “တောင်ဘက်ခြမ်း အင်အား ”များကို ဖြည့်သွင်းပေးမည် ဖြစ်သည်။