
ဒေသစံတော်ချိန် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က ဗီယက်နမ်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို အဆက်မပြတ် စွဲစွဲမြဲမြဲ ထောက်ခံ ကြောင်း ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရပါသည်။
Pham Thu Hang က ဤကိစ္စနှင့်ပတ်သက်၍ ဗီယက်နမ်၏ရပ်တည်ချက်သည် ရှင်းလင်းပြီး တသမတ်တည်း ရှိကြောင်း၊ ရေလက်ကြားဒေသတွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးသည် ဒေသတွင်းနှင့် ကမ္ဘာကြီးအတွက် အလွန်အရေးကြီးပြီး သက်ဆိုင်ရာ ဘက် အသီးသီး တို့သည် ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင် ရာတွင် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ဗီယက်နမ်က မျှော်လင့်ပါကြောင်း ပြောကြား ခဲ့သည်။