၂၀၂၅ ခုနှစ် လန်ချန်း-မဲခေါင်နိုင်ငံများ မီဒီယာ လှုပ်ရှားမှုအား နိုဝင်ဘာလ ၂၀ ရက်က ကွမ်ရှီးဒေသ၊ နန်နင်းမြို့တွင် ကျင်းပခဲ့ပြီး လန်ချန်း-မဲခေါင်နိုင်ငံများ မီဒီယာပူးပေါင်းဆောင်ရွက်မှုတွင် အောင်မြင်မှုရလဒ်ဆယ်ခုကျော်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် စမတ်မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု၏အလားအလာကို စူးစမ်းလေ့လာရန်နှင့် လန်ချန်း-မဲခေါင်နိုင်ငံများ မီဒီယာဌာနများအကြား ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည်။ ကြေညာခဲ့သော အောင်မြင်မှုများတွင် ကွမ်ရှီးရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန၊ ကမ္ဘောဒီးယား အမျိုးသားရုပ်မြင်သံကြား၊ လာအို အမျိုးသားရုပ်မြင်သံကြားဌာန၊ မြန်မာ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန၊ ထိုင်း အမျိုးသားရုပ်မြင်သံကြားနှင့် ဗီယက်နမ် အမျိုးသားရုပ်မြင်သံကြားတို့မှ ပူးတွဲထုတ်လုပ်သော "စိမ်းလန်းစိုပြေသောတောင်တန်းများနှင့် ရေပြင်များကြားက မိသားစုဥယျာဉ် လန်ချန်း-မဲခေါင် ပန်းများဝေဝေဆာ" မှတ်တမ်းရုပ်ရှင်၊ တရုတ်နှင့် ကမ္ဘောဒီးယားတို့ ပူးတွဲဖန်တီးသော မာလ်တီမီဒီယာအစီအစဉ် "လယ်ယာစိုက်ပျိုးရေး AI+"၊ တရုတ်နှင့် ကမ္ဘောဒီးယားတို့ ပူးတွဲဘာသာပြန်ပြီး ထုတ်လွှင့်သော "လီကျန်းမြစ်" မှတ်တမ်းရုပ်ရှင်၊ တရုတ်နှင့် လာအိုတို့ ပူးတွဲဘာသာပြန်ပြီး အသံသွင်းထားသော "သုံးပြည်ထောင်ခေတ်ဇာတ်လမ်း" ရေဒီယိုဒရာမာ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပူးတွဲထုတ်လုပ်ပြီး ထုတ်လွှင့်သော မိုက်ခရိုဒရာမာများနှင့် မိုက်ခရိုမှတ်တမ်းရုပ်ရှင်များ ပါဝင်သည်။