
တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့၌ပြုလုပ်ခဲ့သည့် ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီတိုးတက်ရေးဖိုရမ်သို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ပြန်ကြားရေးဌာန အကြီးအကဲ Li Shulei ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီတိုးတက်ရေးဖိုရမ်ကို တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် နိုဝင်ဘာ ၂၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ ပြန်ကြားရေးဌာနအကြီးအကဲ လီစူးလေ က ဖိုရမ်ကို တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့သည်။
ဖိုရမ်သို့ တက်ရောက်လာသောဧည့်သည်တော်များက ခေတ်မီအသွင်ပြောင်းမှု အောင်မြင်ရန် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများက မျှဝေဆောင်ရွက်နေသော ဘုံရည်မှန်းချက်ပန်းတိုင်ကို မီးမောင်းထိုးပြောကြားခဲ့ကြသလို တရုတ်နိုင်ငံ၏ လာမည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းနှင့်ပတ်သက်သောအမြင် သဘောထားများကိုလည်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။ အဆိုပါ ငါးနှစ်စီမံကိန်းအရ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် အနာဂတ်တွင် အခွင့်အလမ်းများကို သေချာပေါက် ပိုမိုပေးအပ်နိုင်လိမ့်မည်ဟု ဧည့်သည်တော်များက ပြောကြားခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် ပိုမိုပွင့်လင်းပြီး အားလုံးပါဝင်နိုင်သော စိတ်ထားခံယူချက် တစ်ခုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ပူးတွဲလုပ်ဆောင်သင့်သလို လူသားမျိုးနွယ် အေးအတူ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ဦးဆောင်ကြိုးပမ်းခြင်း၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို လက်တွေ့ကျင့်သုံးခြင်းနှင့် ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများအကြား ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်သင်ယူမှုကို အားပေးမြှင့်တင်ခြင်းတို့ကိုလည်း ပူးတွဲလုပ် ဆောင်သင့်ကြောင်း၊ သို့မှသာ ကမ္ဘာ့တောင်ဘက်ခြမ်း၏ ခေတ်မီတိုးတက်ရေးကို တစ်ဆင့်တိုးမြှင့်တင် နိုင်မည်ဖြစ်သည်ဟု ဖိုရမ်သို့တက်ရောက်လာသော ဧည့်သည်တော်များက မှတ်ချက်ပြုခဲ့ကြသည်။
နိုင်ငံတကာ ပညာရေးဆိုင်ရာ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန်၊ ကမ္ဘာ့ တောင်ဘက်ခြမ်း၏ ခေတ်မီအသွင်ပြောင်းရာတွင် အဓိကကျသော သီအိုရီပိုင်းဆိုင်ရာ၊ သမိုင်းဆိုင်ရာနှင့် လက်တွေ့အခက်အခဲများအပေါ် ပြည့်စုံကျယ်ပြန့်သော သုတေသနများလုပ်ဆောင်ရန်နှင့် ကမ္ဘာ့ တောင်ဘက်ခြမ်းမှ ဆင်းသက်လာသလို အကျိုးလည်းရှိစေသည့် ခေတ်မီတိုးတက်ရေးပေါ်တွင် အသိ ပညာစနစ်တစ်ခုတည်ဆောက်ရန်တို့ကိုလည်း အားထုတ်ကြိုးပမ်းကြရန် ဧည့်သည်တော်များက တိုက်တွန်းခဲ့ကြသည်။

တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့၌ပြုလုပ်ခဲ့သည့် ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီတိုးတက်ရေးဖိုရမ်မှ မြင်ကွင်းတစ်ခုကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့၌ပြုလုပ်ခဲ့သည့် ကမ္ဘာ့တောင်ဘက်ခြမ်း ခေတ်မီတိုးတက်ရေးဖိုရမ်၌ အောင်မြင်မှုများအတွက်ပြပွဲနေရာသို့ လည့်ပတ်ကြည့်ရှုနေကြသော ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)