ထျန်ကျင်းထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များကို အကောင် အထည်ဖော်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပိုမိုအားကောင်းလာစေ

CGTN, November 27, 2025
Size:

အစည်းအဝေးတွင် ရရှိခဲ့သည့် သဘောတူညီမှုများမှာ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆေင်ရွက်ရန်အတွက် ပိုမိုများပြားသော လက်တွေ့ကျသည့် အကြောင်းအရာများ ကို ထည့်သွင်းပေးနိုင်ကြောင်း၊ ယင်းသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းအတွက် ခြေလှမ်းသစ်တစ်ခု ဖြစ်ကြောင်း မကြာသေးမီက ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများ ၏ အစိုးရထိပ်သီးခေါင်းဆောင်များ (ဝန်ကြီးချုပ်များ) ကောင်စီ ၂၄ ကြိမ်မြောက် အစည်း အဝေးကို နိုင်ငံတကာပုဂ္ဂိုလ်များသည် တန်ဖိုးထားချီးကျူးခဲ့ကြပါသည်။ တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် လီချန် က အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို အကောင် အထည်ဖော်ပြီး စည်းလုံးညီညွတ်မှု၊ လုပ်ဆောင်မှုနှင့် သြဇာလွှမ်းမိုးမှုတို့ကို တစ်ဆင့်တက် မြှင့်တင်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဆက်မပြတ်အားကောင်းလာစေရန် ပန်ကြားခဲ့ပါသည်။ အစည်းအဝေးတက်ရောက်သူများက ထျန်ကျင်ထိပ်သီးအစည်းအဝေး၏ အောင်မြင်မှုရလဒ်များကို လက်တွဲအကောင်အထည်ဖော်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို အကောင်အထည်ဖော်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဘက်တွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ပိုမိုလုပ်ဆောင်နိုင်ရန် တွန်းအားပေးလိုကြောင်း ယူဆခဲ့ကြ ပါသည်။ အစည်းအဝေးတွင် အတည်ပြုသည့် ပူးတွဲပြန်တမ်းတွင်လည်း ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအေဝးတွင် အတည်ပြုခဲ့သော စာရွက်စာတမ်းများကို ထိရောက်စွာ အကောင်အထည်ဖော်ရကြောင်း အလေးထားဖော်ပြထားပါသည်။

“ရှန်ဟိုင်းစိတ်ဓာတ်” ၏ ဦးဆောင်မှုကြောင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၂၄ နှစ်အတွင်းတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် တစ်ကမ္ဘာလုံးရှိ အကြီးဆုံးသော ဒေသဆိုင်ရာ အဖွဲ့အစည်း ဖြစ်လာခဲ့ပြီ ဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ အကျိုးတူစီးပွားကို ကာကွယ်ထိန်းသိမ်းသည့်တစ်ချိန်တည်းတွင် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုလည်း မြှင့်တင်ပါသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလက ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ထျန်ကျင်ထိပ်သီးအစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို တင်ပြခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းမှ ကမ္ဘာ့ပြောင်းလဲမှုအခြေ အနေနှင့် ရင်ဆိုင်ရန်၊ အခက်အခဲပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် တရုတ် ဉာဏ်ပညာနှင့် တရုတ်အဆိုပြုချက်ကို ထောက်ပံ့ပေး၍ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ အရည်အသွေး ပိုမိုမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်ဖို့ ဦးဆောင်ခဲ့ပါသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စတင်တည်ထောင်သော အဓိကနိုင်ငံ တစ်နိုင်ငံ ဖြစ်သော တရုတ်နိုင်ငံသည် ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ မိသားစုကြီး၏ တိုးတကဖွံ့ဖြိုးမှုနှင့် အမြဲတမ်းချိတ်ဆက်ထားပါသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အခြားအဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူ နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၉၀.၃ ဘီလီယံခန့် ရှိခဲ့ပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းပမာဏ၏ ၁၄.၄ ရာခိုင်နှုန်း ပါရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ တရုတ်နိုင်ငံမှ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ အခြားအဖွဲ့ဝင်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှု Stock မှာ အမေရိကန်ဒေါ်လာ ၈၄ ဘီလီယံကျော် ရှိခဲ့ပါသည်။

တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော်ရန်လည်း အဆက်မပြတ် တွန်းအားပေးခဲ့ပါသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဘေးကင်းလုံခြုံရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူနေထိုင်မှုဘဝစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရန်၊ ပိုမိုရင်းနှီးသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာတူ အသိုက်အဝန်း အတူတကွတည်ဆောက်ရန် အထောက်အကူပြုခဲ့ပါသည်။

မကြာသေးမီက ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟို ကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးတွင် လာမည့် ၅ နှစ်အတွင်းတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမြေပုံအသစ်ကို ရေးဆွဲချမှတ်ပြီး ကမ္ဘာ့အား တံခါးဖွင့်ပြီး ပူးပေါင်းဆောင်ရွက်ရန်၊ အပြန်အလှန်အကျိုးရှိစေရန်၊ စည်ပင်ဝပြောမှုကို မျှဝေခံစားရန် အပြုသဘောဆောင်သော အမှတ်လက္ခဏာများကို ပြသခဲ့ပါသည်။ ဖွံ့ဖြိုးတိုးတက်ရေးခရီး အသစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို အခွင့်ကောင်းယူပြီး အတူတကွ အကောင်အထည်ဖော်ကာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် ပိုမိုကျယ်ပြန့်သော ရှေ့အလားအလာသို့ ဆက်လက်ချီတက်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အပြုသဘောဆောင်သော အင်အားများကို ထည့်သွင်းပေးနိုင်မည် ဖြစ်ပါသည်။