မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (Global Governance Initiative – GGI) ဆွေးနွေးပွဲနှင့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် တရုတ် - မြန်မာ မီဒီယာတွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

CGTN, November 27, 2025
Size:

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ ဆွေးနွေးပွဲနှင့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် တရုတ် - မြန်မာ မီဒီယာတွေ့ဆုံပွဲ ကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး အခမ်းအနားကို တရုတ်သံအမတ်ကြီး Ms. Ma Jia၊ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ တရုတ်-မြန်မာမီဒီယာ အဖွဲ့အစည်း၊ တက်သိပညာရှင်များအဖွဲ့နှင့် ပညာရှင် ကိုယ်စားလှယ် ပေါင်း ၁၆၀ ကျော် တက်ရောက်ခဲ့ကြကာ သံမှူးကြီး Dr. Zheng Zhihong မှ အခမ်းအနားမှူး အဖြစ် တာဝန်ယူခဲ့ပါသည်။

သံအမတ်ကြီး Ms. Ma Jia က ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ၏ အဓိကအယူအဆ (၅) ချက် ကို မိတ်ဆက်ခဲ့ပြီး၊ တရုတ်ကွန်မြူနစ်ပါတီ အကြမ် ၂၀ မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေး၏ စိတ်ဓာတ်ကို ရှင်းလင်းတင်ပြခဲ့ကာ တရုတ်-မြန်မာနှစ်နိုင်ငံက အဆိုပါအစီအမံကို အတူတကွ အကောင်အထည်ဖော်ခြင်းနှင့် ပိုမို တရားမျှတပြီး ကျိုးကြောင်း ဆီလျော်မှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ဆောက်ရေးကို မြှင့်တင်ရန် တိုက်တွန်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကို ကြိုဆိုထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီသော တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံအားလုံးအနေဖြင့် အချင်းချင်း တန်းတူဆက်ဆံကြပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အတူတကွ ကာကွယ်သွားကြရန်ကို တိုက်တွန်းခဲ့ ပါသည်။

လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရန် မြှင့်တင်ခြင်း၊ အဆိုပါအစီအမံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအပေါ် အရေးကြီးသော အနက်အဓိပ္ပာယ်ရှိခြင်း၊ မီဒီယာနှင့် လူငယ်အဖွဲ့များ၏ အခန်းကဏ္ဍကို အသုံးချခြင်းနှင့် တရုတ် - မြန်မာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်းစသည့် အကြောင်းအရာများအပေါ် အခမ်းအနားသို့ တက်ရောက်သူများက နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြပါသည်။