နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၂၀၂၅ ခုနှစ် တရုတ်ပုံရိပ် ရုပ်ရှင်သီတင်းပတ်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ် ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံတွင် ကျင်းပလျက်ရှိသည်။ ၁၆ ရက်နေ့ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နှင့်မြန်မာနိုင်ငံမှ ရုပ်ရှင်၊ ယဉ်ကျေးမှု၊ ပညာရေး၊ မီဒီယာ စသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ် ၅၀၀ နီးပါး တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ပုံရိပ်ရုပ်ရှင်သီတင်းပတ်ကျင်းပခြင်းသည် နှစ်နိုင်ငံအကြား ရုပ်ရှင်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ခိုင်မာစေရန် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

ယခုတစ်ကြိမ် ပုံရိပ်ရုပ်ရှင်သီတင်းပတ်သည် ၄ ရက်ကြာမြင့်မည်ဖြစ်ပြီး ထူးချွန်သော တရုတ်ရုပ်ရှင်ဇာတ်ကား ၈ ကားကို ပြသသွားမည်ဖြစ်သည်။