၇ ကြိမ်မြောက် တရုတ်-အာဆီယံ တရားဥပဒေစိုးမိုးရေး ဖိုရမ်ကို ချုံချင့်မြို့၌ ကျင်းပ

CGTN, November 25, 2025
Size:

နိုဝင်ဘာလ ၂၁ ရက်နေ့က တရုတ်ဥပဒေအဖွဲ့မှ ကြီးမှူးကျင်းပသော ၇ ကြိမ်မြောက် တရုတ်-အာဆီယံ တရားဥပဒေစိုးမိုးရေး ဖိုရမ်ကို ချုံချင့်မြို့၌ ကျင်းပခဲ့သည်။ တရုတ်၊ အာဆီယံ နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများမှ ဥပဒေ ပညာရှင်များက "တရုတ်-အာဆီယံ တရားဥပဒေ စိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု အားကောင်းရေးနှင့် အနီးအနား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ခြင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။ လက်ရှိ နိုင်ငံတကာ အခြေအနေတွင် မတည်ငြိမ်မှုနှင့် မရေရာ မသေချာမှုများ တိုးမြင့်လာခြင်းကြောင့် တရုတ်-အာဆီယံ ဒေသဆိုင်ရာ တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု အားကောင်းလာခြင်းသည် အန္တရာယ်များနှင့် စိန်ခေါ်မှုများကို ပူးတွဲဖြေရှင်းရန်နှင့် ပိုမို နီးကပ်သော ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ခြင်းအတွက် လေးနက်သော အဓိပ္ပါယ် ပါရှိကြောင်း တက်ရောက်လာသော ဧည့်သည်တော်များက ပြောကြားခဲ့သည်။