ယခုနှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ ဒေသတွင်း နိုင်ငံခြားကုန်သွယ်မှုသည် တည်ငြိမ်စွာ တိုးတက်လာ

CGTN, November 24, 2025
Size:

ယခုနှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၊ ကွမ်တုန်း-ဟောင်ကောင်-မကာအို ပင်လယ်အော်ဒေသကြီးနှင့် ပေကျင်း-ထျန်းကျင်း-ဟိုပေ ဒေသကြီး ကဲ့သို့သော ဒေသများရှိ နိုင်ငံခြားကုန်သွယ်မှုသည် အသစ်နှင့်အကောင်းဘက်များသို့ အဆင့်မြှင့် တင်သည့် အနေအထားကို ပြသနေပြီး ခိုင်မာ အားကောင်းနေပါသည်။

အကောက်ခွန်ဌာနမှ စာရင်းများအရ ယခုနှစ် ပထမ ၁၀ လပိုင်းအတွင်း ယန်ဇီမြစ်ဝ ကျွန်းပေါ် ဒေသမှ သွင်းကုန်ပို့ကုန် ပမာဏသည် ယွမ် ၁၄ ထရီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အရပ်ဘက်လုပ်ငန်းများ၏ သွင်းကုန် ပို့ကုန်ပမာဏသည် ယွမ် ၇.၈၃ ထရီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၉.၇ ရာခိုင်နှုန်း တိုးလာကာ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏ၏ ၅၅.၉ ရာခိုင်နှုန်း ရှိပြီး နိုင်ငံခြားကုန်သွယ်မှု၏ ဦးဆောင်အခန်းကဏ္ဍမှ ဆက်လက် ပါဝင်လျက်ရှိကြောင်း သိရပါသည်။