လန်ချန်း-မဲခေါင်ဒေသ အသစ်တီထွင်မှုစင်္ကြံ ထူထောင်ခြင်း သုတေသနဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းခဲ့သည်။ လန်ချန်း-မဲခေါင်ဒေသ ၆ နိုင်ငံမှ အစိုးရဌာန၊ သုတေသနဌာနနှင့် စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များသည် ၎င်းဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်၍ သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းကို ဆွေးနွေးကာ “လန်ချန်း-မဲခေါင် ဒစ်ဂျစ်တယ် နယ်စပ်ဖြတ်ကျော် စီးဆင်းခြင်း ပူးပေါင်းဆောင်ရွက်မှုအဆိုပြုချက်” ဟူသောကြေညာချက်ကို ထုတ်ပြန်ပြီး ဒေသတွင်း အသစ်တီထွင်မှုစင်္ကြံ ထူထောင်ရန်အတွက် အင်အားသစ် ထည့်သွင်းလိုက်သည်။
လာမည့် ၃ နှစ်တွင် နိုင်ငံအသီးသီးသည် “အစိမ်းရောင်”၊ “ဒစ်ဂျစ်တယ်”၊ “လူစွမ်းအား” ဟူသောကဏ္ဏသုံးခုတွင် တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်ပြီး သန့်ရှင်းသောစွမ်းအားကို အသုံးပြုခြင်း၊ ဂေဟစနစ်ကို ကာကွယ်ခြင်း၊ Carbon neutrality technology စသောလုပ်ငန်းများတွင် ထုတ်လုပ်ရေး၊ ပညာသင်ကြားရေးနှင့် သုတေသနပြုရေးတို့ကို တိုးချဲ့ပူးပေါင်း၍ ယုံကြည်နိုင်သော ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကို ထူထောင်မည်။ AI၊ Blockchain စသောကဏ္ဍတွင် ပူးပေါင်းသုတေသနပြု၍ “ဒေသတွင်း ဒစ်ဂျစ်တယ် နယ်စပ်ဖြတ်ကျော် စီးဆင်းခြင်း ညွှန်ကြားမှုဘောင်”ကို ထူထောင်၍ ရရှိလာသောအကျိုးအမြတ်ကို ပြည်သူများအား မျှဝေပေးခြင်းဖြင့် ဒေသခံများ၏ နေထိုင်မှုဘဝကို တိုးတက်စေမည်။ ထို့အပြင် လန်ချန်း-မဲခေါင် လူငယ်သပ္ပံပညာတတ်များ ဖလှယ်မှုပမာဏ တိုးချဲ့ရန် ထိန်ချုံးသိပ္ပံပညာရှင်ဖိုရမ် စသောပလက်ဖောင်းများကို အသုံးပြုပြီး ပညာပေးသင်တန်းများ ဖွင့်လှစ်သောပုံမှန်စနစ်ကို ထူထောင်၍ ဒေသအခြေအနေကို သိရှိပြီး ခေတ်မီနည်းပညာကိုလည်း ကျွမ်းကျင်သောပညာတတ်များကို မွေးထုတ်မည်။