တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ၆ နိုင်ငံတို့သည် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများကို ပူးတွဲတိုက်ဖျက်မည်

CGTN, November 21, 2025
Size:

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် ၆ နိုင်ငံတို့သည် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများ ပူးတွဲတိုက်ဖျက်ရေး ဝန်ကြီးများအဆင့်အစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ ဘက်အသီးသီးတို့သည် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများကို ပူးတွဲ တိုက်ဖျက်ရန် ပြင်းပြသော ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြပြီး နိုင်ငံစုံ ပူးတွဲတိုက်ဖျက်ရေး လှုပ်ရှားမှု များကို ပြုလုပ်မည် ဖြစ်ကာ လိမ်လည်မှုတွင် ပါဝင်သူများကို နေရပ်ပြန်ပို့ခြင်းနှင့် လွှဲပြောင်း ပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်၍ တိုက်ဖျက်နှိမ်နှင်းမှု အရည်အသွေးနှင့် အကျိုးသက်ရောက်မှု များ အဆက်မပြတ်အရှိန်မြင့်ကာ ဒေသတွင်းတည်ငြိမ်ငြိမ်းချမ်းရေးကို အတူထိန်းသိမ်းသွားကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ယခုနှစ်အတွင်းတွင် တရုတ်၊ မြန်မာနှင့် ထိုင်း ၃ နိုင်ငံတို့သည် သုံးပွင့်ဆိုင်ညှိနှိုင်းမှု ယန္တရားတစ်ခုကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၊ မြဝတီမြို့တွင် လောင်းကစားနှင့် လိမ်လည်မှုများကို ပူးတွဲ တိုက်ဖျက်ခဲ့ရာ မြန်မာနိုင်ငံမှ ရာဇဝတ်ကောင်ဟု သံသယရှိသူစုစုပေါင်း ၅၅၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။