တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ဗားရှင်း 3.0 အဆင့်မြှင့်တင်ရေး အခြေပြ စာချုပ်ကို အမြန်ဆုံး အသက်ဝင်ရန်နှင့် အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းပြီး တွန်းအားပေးမည်ဟု တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနဆို

CGTN, November 20, 2025
Size:

တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yadong က တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ဗားရှင်း 3.0 အဆင့်မြှင့်တင်ရေး အခြေပြစာချုပ် အတွက် တရုတ် ပြည်တွင်း စိစစ်အတည်ပြုမှု လုပ်ငန်း စဉ်ကို ပိုမို လျင်မြန်စွာ ဆောင်ရွက်နေပြီး  အမြန်ဆုံး အသက်ဝင်ရန်နှင့် အကောင် အထည်ဖော်ဆောင် ရန်အတွက် တွန်းအားပေးမှုကို အာဆီယံမိတ်ဖက်များနှင့်အတူ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ဒေသန္တရအစိုးရများနှင့် လုပ်ငန်းများသည် လက်တွေ့ အခြေအနေအရ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်၏ စည်းမျဉ်း သစ်များနှင့် အခွင့်အလမ်းသစ်များကို နားလည်သိရှိနိုင်ရန်၊ အသုံးချရန်နှင့် အကျိုး စီးပွား အမှန်တကယ် ရရှိနိုင်ရန် အတွက် စီးပွားရေးလုပ်ငန်းများကို ကူညီလမ်းညွှန်ပေးကြရန် မျှော်လင့်ကြောင်း ၁၃ ရက်နေ့က ပြောကြားခဲ့ပါသည်။