ရှီကျင့်ဖိန်သည် ထိုင်းနိုင်ငံ ဘုရင် ဗာဂျီယာလောင်ကွန်းနှင့် တွေ့ဆုံ

CGTN, November 20, 2025
Size:

   နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင် ခရီးလှည့်လည်နေသော ထိုင်းနိုင်ငံ ဘုရင် ဗာဂျီယာလောင်ကွန်းနှင့် တွေ့ဆုံခဲ့ပါသည်။

  သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် မဟာဗျူဟာ ချိတ်ဆက်မှုများကို မြှင့်တင်ရန်၊ တရုတ်-ထိုင်း မီးရထား အပါအဝင် အရေးကြီးသည့် ပရောဂျက်များ ပူးပေါင်း ဆောင်ရွက်မှုကို စနစ်တကျ တွန်းအားပေးရန်၊ ထိုင်းနိုင်ငံမှ အရည်အသွေး ကောင်းမွန်သော လယ်ယာထွက်ကုန်များ တင်သွင်းမှုကို တိုးချဲ့ရန်၊ ဉာဏ်ရည်တု၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ လေကြောင်းနှင့် အာကာသလုပ်ငန်း စသည့် ထွန်းသစ်စ လုပ်ငန်းနယ်ပယ်များမှာ ပူးပေါင်း ဆောင်ရွက် မှုများကို ချဲ့ထွင်ရန်၊ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှုများမှ နှစ်နိုင်ငံ ပြည်သူများ ပိုမို များပြားသော အကျိုးခံစားခွင့် ရရှိစေရန် ဆန္ဒ ရှိကြောင်း၊ နှစ်နိုင်ငံ အကြား လူမှု ယဉ်ကျေးမှုများကို တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများ ပိုမို ခင်မင် လာအောင် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 ဘုရင် ဗာဂျီယာလောင်ကွန်းကလည်း ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့ အကြုံများကို တက်ကြွစွာ လေ့လာသင်ယူကိုးကားရန်၊ နယ်ပယ်အသီးသီး၌ တရုတ် နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးကို မြှင့် တင်ရန်နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမို နက်ရှိုင်းစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။

1  2  >