ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး တိုလမ်သည် Li Shulei နှင့် တွေ့ဆုံ

CGTN, November 19, 2025
Size:

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး တိုလမ်သည် တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဗီယက်နမ်သို့ သွားရောက် လည်ပတ်နေသော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီး Li Shulei နှင့် ဟနွိုင်းမြို့တွင် တွေ့ဆုံခဲ့ကြောင်း သတင်းအရ သိရပါသည်။

Li Shulei က တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့်အတူ နှစ်ပါတီ အထွေထွေအတွင်းရေးမှူးများမှ ရရှိခဲ့သော အရေးကြီးသည့် သဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး ပါတီနှစ်ခုအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ စီးပွားကုန်သွယ်ရေး၊ သိပ္ပံနည်းပညာ၊ သတင်းနှင့် ထုတ်ဝေရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှင့် လူငယ်များစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန်နှင့် တရုတ်-ဗီယက်နမ် ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တိုလမ်က ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် မဟာဗျူဟာမြောက် ရွေးချယ်မှုနှင့် ဦးစားပေးလုပ်ငန်းအဖြစ် အမြဲတမ်းထားပြီး တရုတ်နိုင်ငံနှင့် အဆင့်မြင့် ကူးလူး ဖလှယ်မှုများကို ထိန်းသိမ်းရန်၊ နယ်ပယ်အသီးသီးတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကို မြှင့်တင်ရန်၊ ဗီယက်နမ်-တရုတ် ချစ်ကြည်ရင်းနှီးမှုအတွက် လူထုထင်မြင်ယူဆချက် အခြေခံကို ခိုင်မာလာစေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် လက်တွဲ လုပ်ဆောင်ရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့သည်။