တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် တံခါးဖွင့်ရေး "ဦးဆောင်ပြေးသူ" ၏ ယုံကြည်စိတ်နှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းကို ပြသနေ

CGTN, November 19, 2025
Size:


   ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၁၀ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။

   ယခုအကြိမ် ကုန်စည်ပြပွဲတွင် ကောင်းကျိုးရလဒ် အမြောက်အမြား ရရှိခဲ့ပါသည်။ ကုန်စည်ပြပွဲတွင် ချုပ်ဆိုခဲ့သည့် တစ်နှစ်တာ ရောင်းဝယ်မှု စာချုပ်ပမာဏသည် အမေရိကန်ဒေါ်လာ ၈၃.၄၉ ဘီလီယံ ရှိပြီး လွန်ခဲ့သည့် အကြိမ်ကထက် ၄.၄ ရာခိုင်နှုန်း တိုးလာကာ သမိုင်းစံချိန်သစ်ကို တင်နိုင်ခဲ့သည်။ ပါဝင် ခင်းကျင်းပြသသော လုပ်ငန်းကုမ္ပဏီ ပမာဏသည် လွန်ခဲ့သည့်နှစ်ကထက် ၆၀၀ ကျော် တိုးလာပြီး ကမ္ဘာ့ရှေ့တန်းပြေး ကုမ္ပဏီကြီး ၂၉၀ တို့ ပါဝင်ပြသကာ ပြသဇုန် အကျယ်အဝန်းနှင့် ပါဝင်ပြသသော ကုမ္ပဏီ စုစုပေါင်း ပမာဏသည်လည်း သမိုင်းစံချိန်သစ် တင်နိုင်ခဲ့သည်။ ကုန်ပစ္စည်းအသစ်၊ နည်းပညာအသစ်နှင့် ဝန်ဆောင်မှုအသစ် ၄၆၁ ခုကို ပထမဆုံးအကြိမ် ပြသခဲ့ပြီး ပြပွဲတွင် ဖွံ့ဖြိုးမှုအနည်းဆုံးသောနိုင်ငံများ သီးသန့်ပြသဇုန်နှင့် နိုင်ငံဖြတ်ကျော် E-ကုန်သွယ်ရေး ဝန်ဆောင်မှုဇုန်တို့ကိုလည်း ပထမဆုံးအကြိမ် ထားရှိပေးခဲ့ပါသည်။

   တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော သွင်းကုန်ဆိုင်ရာ ကုန်စည်ပြပွဲ ဖြစ်ပြီး တရုတ်နိုင်ငံက အရည်အချင်းမြင့် တံခါးဖွင့်မှုကို တွန်းအားပေးရေးဆိုင်ရာ အရေးကြီးသည့် ပလက်ဖောင်းတစ်ခုလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံ တံခါးဖွင့်ရေးဆိုင်ရာ အရေးကြီးသည့် ဆောင်ရွက်ချက် တစ်ခု အဖြစ် သွင်းကုန် ကုန်စည်ပြပွဲသည် တရုတ်နိုင်ငံက တံခါးဖွင့်ရေးတွင် "နောက်လိုက်ပြေးသူ" မှ "ဦးဆောင်ပြေးသူ" ဖြစ်လာခြင်းကို ပြသထားသော ပြတင်းပေါက်တစ်ချပ်လည်း ဖြစ်ပါသည်။

   တရုတ်နိုင်ငံသည် ကိုယ်တိုင်၏ တံခါးဖွင့်လှစ်ခြင်းဖြင့် နိုင်ငံတကာ တံခါးဖွင့်လှစ်ခြင်းကို တွန်းအားပေးနေပါသည်။ တရုတ် လူမှုသိပ္ပံပညာ အကယ်ဒမီ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေး သုတေသနဌာနမှ ဌာနမှူး လျောင်ဖန်က တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ခြင်းနှင့် နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းတို့ဖြင့် နိုင်ငံတကာ ပို့ကုန်များနှင့် စီးပွားရေး တိုးတက်မှုများကို မြှင့်တင်ပေးနေသည်ဟု သုံးသပ်ဖော်ပြခဲ့ပါသည်။

  တံခါးဖွင့်လေလေ ဖွံ့ဖြိုးတိုးတက်မှု ကောင်းလေလေ၊ ဖွံ့ဖြိုးတိုးတက်မှု ကောင်းလေလေ၊ တံခါး ဖွင့်လေလေ ဖြစ်ခြင်းကို အဖြစ်မှန်များက ပြသနေပါသည်။ စင်ကာပူ အစိုးရတက္ကသိုလ် အာရှသုတေသနဌာနမှ သုတေသီ မာခိုင်စို ပြောသလိုပင် တရုတ်နိုင်ငံသည် ရှေးပဝေသဏီကပင် တံခါးဖွင့်ရေး လုပ်ထုံးလုပ်နည်း ရှိပြီး ကမ္ဘာကြီးတံခါးဖွင့်ရေး ရေစီးကြောင်းသည်လည်း တားလို့မရသော ရေစီးကြောင်း ဖြစ်ကြောင်း China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။