အခွင့်အလမ်းများ ပြည့်နှက်နေသည့် ယင်းနေရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် စွမ်းအားအသစ်တွေကို ရရှိ

CGTN, November 18, 2025
Size:

  ၈ ကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့၌ ကျင်းပနေပါသည်။ ကုန်စည်ပြပွဲတွင် လူတူစက်ရုပ်များ လက်ဝှေ့ထိုးနေကြသည်။ ဆေးပစ္စည်းများ ပြသဇုန်မှာ ရှေ့ပြေး သိပ္ပံနည်းပညာ ပစ္စည်းများကို စုစည်း ပြသ နေပါသည်။ ဒေါင်လိုက် ပျံသန်း ဆင်းသက်နိုင်သော ဝေဟင်ဒရုန်းများသည် ဒရုန်း တက္ကစီ အိပ်မက် ဖော်ဆောင်ပေးနေပါသည်။

   တစ်ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို အတူ မျှဝေသော အရေးကြီးသည့် ပလက်ဖောင်း တစ်ခု အဖြစ် ယခုအကြိမ် သွင်းကုန်ကုန်စည်ပြပွဲတွင် ကုန်ပစ္စည်းအသစ်၊ နည်းပညာအသစ်နှင့် ဝန်ဆောင်မှုအသစ်ပေါင်း ၄၆၁ ခုကို စုစည်းပြသနေပါသည်။ လွန်ခဲ့သည့် သွင်းကုန်ကုန်စည်ပြပွဲ ၇ ကြိမ်ပေါင်းအတွင်း စုစုပေါင်း ကုန်ပစ္စည်းအသစ်၊ နည်းပညာအသစ်နှင့် ဝန်ဆောင်မှုအသစ်ပေါင်း ၃၀၀၀ ကျော်ကို ပြသခဲ့ပြီး တရုတ်စျေးကွက်ကြီးသည် နိုင်ငံတကာ ဆန်းသစ်တီထွင်ရေး၏ စွမ်းသပ်ရာနေရာ၊ အမြတ်အစွန်း ရရှိရာနေရာနှင့် အသုံးပြုရာ နေရာ ဖြစ်လာနေကြောင်း ပြသထားပါသည်။

တရုတ်နိုင်ငံ၏ စူပါ အတိုင်းအတာ စျေးကွက်ကြီးမှာ ရပ်တည်လျက် နိုင်ငံခြား လုပ်ငန်းရှင်များသည် သွင်းကုန်ကုန်စည်ပြပွဲမှတစ်ဆင့် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းအားများကို ရရှိနေပါသည်။ အထူးသဖြင့် လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံတွင် ထွန်းသစ်စ လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး အသက် ကျန်းမာရေး သိပ္ပံနည်းပညာနှင့် ဉာဏ်ရည်တု အပါအဝင် လုပ်ငန်းများတွင် ထိုးဖောက် တိုးတက်မှုများ ဆက်တိုက် ရရှိနိုင်ခဲ့ပါသည်။ ယင်းတို့သည် နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများအတွက် ကျယ်ပြန့်သော အလားအလာကောင်းများကို ဆောင်ကြဉ်းပေးနေပါသည်။

  အမေရိကန် Tapestry အုပ်စု ထိပ်တန်း ဖွံ့ဖြိုးတိုးတက်ရေး အရာရှိနှင့် နိုင်ငံတကာရေးရာ ဒါရိုက်တာချုပ် ဆန်ဒီ ဆက်သ်က တရုတ်စျေးကွက်ကြီးသည် မိမိတို့၏ အဓိကကျသည့် မဟာဗျူဟာစျေးကွက်ကြီး ဖြစ်လာပြီ ဖြစ်ပြီး လာမည့် နှစ်များအတွင်း မိမိတို့ ကုမ္ပဏီအုပ်စု၏ တရုတ်နိုင်ငံတွင် လုပ်ငန်းပမာဏသည် အဆပေါင်းများစွာ တိုးသွားမည် ဖြစ်ပြီး တရုတ်နိုင်ငံ၌ လုပ်ငန်းများ၏ အတွေ့အကြုံများကို တစ်ကမ္ဘာလုံးသို့ ချဲ့ထွင်သွားမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ သူ့၏စကားသည် နိုင်ငံခြား လုပ်ငန်းရှင် အမြောက်အမြား၏ ရင်တွင်းစကားလည်း ဖြစ်ပါသည်။ သွင်းကုန်ကုန်စည်ပြပွဲတွင် ပြသနေသော ဆန်းသစ်တီထွင်ရေး ကုန်ပစ္စည်းများသည် သာယာသော ဘဝအပေါ် မျှော်လင့်ချက်များကို သယ်ဆောင်ပေးမည့် အပြင် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ၏ မျှော်လင့်ချက်များကိုပါ သက်သေပြနေကြောင်း  China Media Group၏ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။