လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီအထွေထွေ အတွင်းရေးမှူး၊ သမ္မတ သွန်လောင်းသည် လီရှူလေနှင့် တွေ့ဆုံ

CGTN, November 17, 2025
Size:

လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ သမ္မတ သွန်လောင်းသည် တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး လာအိုနိုင်ငံသို့ သွားရောက် ခရီးလှည့်လည်နေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး လီရှူလေနှင့် နိုဝင်ဘာလ ၁၁ ရက်နေ့က ဗီယင်ကျန်းမြို့တော်၌ တွေ့ဆုံခဲ့ပါသည်။

 လီရှူလေသည် ရှေးဦးစွာ ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ ရင်းနှီးစွာ နှုတ်ခွန်း ဆက်သခြင်းကို သွန်လောင်းအား တစ်ဆင့် ပြောကြားခဲ့သည်။ လီရှူလေက တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့ တော်လှန်ရေးပါတီ အထွေထွေ အတွင်းရေးမှူး သွန်လောင်း တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးနှင့် ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးတို့သည် အဆက်မပြတ် နက်ရှိုင်းလာပြီး တိုးတက်မှုသစ်နှင့် အောင်မြင်မှုသစ် အမြောက်အမြားကို ရရှိနိုင်ခဲ့ကာ နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့ကျသော ချမ်းသာသုခများကို ဆောင်ကြဉ်းပေးလာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

  သွန်လောင်းကလည်း ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်အား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်း ဆက်သပါကြောင်း၊ လာအိုနိုင်ငံသည် ပါတီနှင့် နိုင်ငံတော် စီမံခန့်ခွဲရေးဆိုင်ရာ သီအိုရီနှင့် အတွေ့အကြုံများကို တရုတ်နိုင်ငံနှင့် ကူးလူးဖလှယ်မှုကို မြှင့်တင်ပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ နှစ်ဘက် ဆက်ဆံမှုကို အဆက်မပြတ် တိုးတက်လာအောင် တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။