
၂၀၂၅ ခုနှစ် “အာဆီယံမိတ်ဖက်” မီဒီယာပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်ကို တက်ရောက်ကြသော ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့သည် နိုဝင်ဘာလ ၄ ရက်နေ့တွင် MAIYUE သိပ္ပံနည်းပညာကုမ္ပဏီနှင့် တရုတ်-အာဆီယံ ဉာဏ်ရည်တုအသုံးချမှု ပူးပေါင်းဆောင်ရွက်ရေးစင်တာသို့ သွားရောက်ခဲ့ပြီး ဉာဏ်ရည်တုနယ်ပယ်တွင် ကွမ်ရှီးဒေသ၏ ဆန်းသစ်တီထွင်မှုရလဒ်များနှင့် ဖွံ့ဖြိုးတိုးတက်မှုစွမ်းအားတို့ကို အနီးကပ်လေ့လာခဲ့ကြသည်။

MAIYUE သိပ္ပံနည်းပညာကုမ္ပဏီ၏ AI ထုတ်ကုန်ပြခန်းတွင် ယခုနှစ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်မှုရရှိခဲ့သော AI စမတ် ဘာသာပြန်မျက်မှန်က အဓိကအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ဘာသာစကားအမျိုးအစား ဆယ်နှင့်ချီကို အချိန်နှင့်တပြေးညီ အပြန်အလှန်ဘာသာပြန်ပေးနိုင်သော အဆိုပါထုတ်ကုန်က ပြည်တွင်းပြည်ပသတင်းထောက်များကို စမ်းသပ်တပ်ဆင်ကြည့်ရန် ဆွဲဆောင်နေခဲ့သည်။