
၂၀၂၅ ခုနှစ် "ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား" ဆောင်းဦးလယ်လမုန့်ပွဲနှင့် မီးထွန်းပွဲတော် တရုတ်ရိုးရာ စက္ကူအလှညှပ် ပညာပြပွဲ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့စဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ တရုတ်ရိုးရာ စက္ကူအလှညှပ်ပညာပြပွဲကို နိုဝင်ဘာ ၅ ရက်က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တရုတ်အနုပညာရှင်များ ဖန်တီးထားသည့် စက္ကူအလှညှပ်ထားသော လက်ရာ ၆၀ ကို ပြသခဲ့ပြီး ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေမှုများ၊ ဉာဏ်စမ်းဂိမ်းများနှင့် ပွဲသို့တက်ရောက်ကြသည့် ဧည့်သည်များကိုယ်တိုင် စက္ကူအလှညှပ်ပညာပြုလုပ်ခြင်းအစီအစဉ်များ ပါဝင်ခဲ့သည်။
အခမ်းအနားတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်ဦးက ယခုယဉ်ကျေးမှုဖလှယ်ပွဲကို ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။
“ဒီပွဲအတွက် ကျွန်တော် တကယ့်ကို ဂုဏ်ယူမိပါတယ်။ တရုတ်-မြန်မာ ဆက်ဆံရေးလည်း ရေရှည်တည်တံ့မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပြပွဲသို့လာရောက်ခဲ့ကြသည့် ဧည့်သည်များသည် တရုတ်စက္ကူအလှညှပ်ခြင်း၊ ပီကင်းအော်ပရာ မျက်နှာဖုံးများ ရေးဆွဲခြင်းနှင့် မြန်မာ့ရိုးရာ မီးပုံးများ ပြုလုပ်ခြင်းတို့ကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြပွဲသို့ ဧည့်သည်ပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။