၈ကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ကမ္ဘာ အတွက် မည်သည့် သေချာမှုများကို ဆောင်ကြဉ်းပေးသနည်း

CGTN, November 13, 2025
Size:

ယခုလ ၅ရက်နေ့မှ ၁၀ရက်နေ့ အထိ ၈ကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသည် ရှန်ဟိုင်းမြို့တွင် ကျင်းပနေသည်။ ကမ္ဘာပေါ်တွင် သွင်းကုန်ကို အဓိက ထားသော နိုင်ငံ အဆင့် ကုန်စည်ပြပွဲ တစ်ခု ဖြစ်သည့် အနေဖြင့်  တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသည် ယခုနှစ် အထိ ၈ကြိမ် ကျင်းပခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် ၈နှစ် အတွင်း နိုင်ငံတကာ အခြေအနေသည် အပြောင်းလဲကြီး ပြောင်းလဲလာပြီး တစ်ဖက်သတ် ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒတို့ အဆက်မပြတ် ဦးမော့လာကာ “ချိတ်ဆက်မှု ဖြတ်တောက်ရန်” ကြုံးဝါးသံများ ပြင်းထန်လာနေသည်။ ယင်းသို့ ရှုပ်ထွေး ပြောင်းလဲနေသည့် အခြေအနေမျိုးတွင် တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသည် ပိုမို များပြားသည့် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများ၏ မျှော်လင့်ချက်နှင့် ရွေးချယ်မှု ဖြစ်လာသည်။

၈ကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ကမ္ဘာ အတွက် မည် သည့် သေချာမှုများကို ဆောင်ကြဉ်းပေးသနည်း။

ပထမ အချက်က တံခါးဖွင့်မှု ဆက်လက် ကျင့်သုံးမည့် သေချာမှုကို ဆောင်ကြဉ်း ပေးသည်။ လက်ရှိ တစ်ကမ္ဘာလုံးတွင် တံခါးဖွင့်မှု အနေနှင့် အလွန် ကြီးမားသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် အခြေအနေမျိုး၌ တရုတ် နိုင်ငံသည် တံခါးဖွင့်မှု တိုးချဲ့ ဆောင်ရွက်ရာတွင် သိသာထင်ရှားသော အောင်မြင်မှုများ ရရှိပြီး တံခါးဖွင့်မှု ပိုမိုများပြားသော ကမ္ဘာ့ စီးပွားရေး စနစ် တည်ဆောက်ရေး အတွက် စံနမူနာကို စိုက်ထူပါသည်။

တစ်ချိန်တည်းတွင် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများသည် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲတွင် ပါဝင်ပြသခြင်း မှတစ်ဆင့် တရုတ် ဖွံ့ဖြိုးတိုးတက်မှု၏ သေချာမှုကို ခံစား နိုင်သည်။ နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီ များစွာမှ တာဝန်ခံများက တရုတ် နိုင်ငံ၏ ကျယ်ပြန့် သော ဈေးကွက် အလားအလာ၊ တံခါးဖွင့်မှုနှင့် ဘက်ပေါင်းစုံပါဝင်မှု ရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်နှင့် တည်ငြိမ်သော မူဝါဒ ဆိုင်ရာ ခန့်မှန်းခြေများသည် မိမိတို့ အတွက် အားကောင်း ကြီးမားသော ဆွဲဆောင်မှု ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင်၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော သွင်းကုန် ပလက်ဖောင်း ဖြစ်သည့် အနေဖြင့်   တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲသည် ကမ္ဘာ အတွက် win-win ရရှိရန် သေချာမှုကို ဆောင်ကြဉ်းပေးသည်။ တရုတ် နိုင်ငံသည် အားလုံးပါဝင်ပြီး အကျိုးရရှိနိုင်သည့် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို တက်ကြွစွာ ဖော်ဆောင်ပြီး ကမ္ဘာ့ နိုင်ငံ အသီးသီးတို့ အား ဖွံ့ဖြိုးတိုးတက်မှု ကောင်းကျိုးရလဒ်များကို အတူ မျှဝေစေသည်။ တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲသည် ၄င်းအယူအဆကို လက်တွေ့ဖော်ဆောင်ရေး အတွက် အရေးကြီး ပလက်ဖောင်း ဖြစ်သည်။