ယခုလ ၅ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီချန်းသည် ၈ကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲနှင့် Hongqiao နိုင်ငံတကာ စီးပွားရေး ဖိုရမ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
လီချန်းက ယခုနှစ် တရုတ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲတွင် ပါဝင် ပြသသော လုပ်ငန်း ကုမ္ပဏီ အရေအတွက် သမိုင်း စံချိန်သစ် ထပ်မံ တင်နိုင်ခဲ့ခြင်းသည် တရုတ် နိုင်ငံတွင် အလွန် ကြီးမားသော ဈေးကွက်၏ တက်ကြွ ရှင်သန်မှုကို အပြည့်အဝ ပြသနေကြောင်း ပြောကြားခဲ့သည်။
လီချန်းသည် နိုင်ငံတကာ စီးပွား ကုန်သွယ်မှုကို လှုပ်ရှားဆောင်ရွက်တွင် မည်သို့သော တန်ဖိုး အမြင်ကို စွဲကိုင်ထားသင့်သနည်းနှင့် ပတ်သက်၍ ထင်မြင်ယူဆချက် ၃ခုကို ဖော်ပြခဲ့သည်။ ပထမ အချက်က တန်းတူညီမျှရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးကို စွဲကိုင်ထားပြီး တရားမျှတမှန်ကန်သော ဘုံအကျိုးစီးပွား အခြေခံ အုတ်မြစ်ကို ခိုင်မာစေရန် ဖြစ်ကြောင်း၊ ဒုတိယ အချက် ကတော့ ကျင့်ဝတ်တရားကို အမြဲတမ်း စောင့်စည်းလိုက်နာပြီး နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိရောက်တိကျစွာ ထိန်းသိမ်းကာကွယ် ရန် ဖြစ်ကြောင်း၊ တတိယ အချက်က စီမံအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးပြီး နိုင်ငံတကာ စီးပွားကုန်သွယ်ရေး စည်းမျဉ်း ဥပဒေ စနစ်ကို ကောင်းမွန်ပြည့်စုံစေရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။