
ယခုလ ၃ရက်နေ့က China Media Groupနှင့် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပြည်သူ့ အစိုးရတို့ ပူးပေါင်း ဦးစီးကျင်းပသော ၂၀၂၅ “အာဆီယံ မိတ်ဖက်” မီဒီယာ ပူးပေါင်းဆောင်ရွက်ရေး သီတင်းပတ် လှုပ်ရှားမှုကို နန်နင်းမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ China Media Group ဒုတိယ အယ်ဒီတာချုပ်နှင့် CGTN အယ်ဒီတာချုပ် Fan Yunနှင့် မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့် အပါအဝင် ဧည့်သည်တော်များသည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး အမှာစကား အသီးသီး ပြောကြားခဲ့ကြောင်း သတင်းအရ သိရသည်။

ယခုအကြိမ် လှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ “တံခါးဖွင့်မှု၊ လူမှုယဉ်ကျေးမှု၊ အိုးအိမ်” ဟူ၍ ဖြစ်ပြီး တရုတ် နိုင်ငံနှင့် အာဆီယံ နိုင်ငံများမှ အစိုးရ အရာရှိများ၊ တရုတ် နိုင်ငံဆိုင်ရာ သံတမန်များ၊ မီဒီယာ သမားများ၊ ပါရဂူ ပညာရှင်များ ၂၀၀ကျော်တို့သည် စုစည်းပြီး ဆွေးနွေးခြင်းနှင့် ကူးလူးဖလှယ်ခြင်းများကို နက်ရှိုင်းစွာ ပြုလုပ်ကာ အောင်မြင်မှု အတူတကွ ရရှိရေး နည်းလမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေး၍ ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေး အတွက် မီဒီယာ အင်အားကို ပံ့ပိုးကြကြောင်း သတင်းအရ သိရသည်။