
နိုဝင်ဘာလ ၇ ရက်နေ့ ညနေပိုင်းတွင် တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန သတင်းပြန်ကြားရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ အထက်တန်း ဗိုလ်မှူးကြီး ကျန်ပင်းက မကြာခင်ရက်များက စစ်ရေးဆိုင်ရာ ရေးရာများနှင့် ပတ်သက်၍ ပြောကြားရာတွင် တရုတ်နိုင်ငံသည် အာဆီယံ၏ ဒေသတွင်း အဓိကအခန်းကဏ္ဍကို အမြဲတမ်း ပြတ်ပြတ်သားသား ထောက်ခံပြီး ငြိမ်းချမ်းရေးဖြစ်သည့် အကြီးဆုံး ဘုံအကျိုးစီးပွားကို ထိန်းသိမ်းရန်၊ ကာကွယ်ရေး လုံခြုံရေးမှု ပူးပေါင်းဆောင်ရွက်ရေး အဆင့်အတန်းကို ပိုမိုမြှင့်တင်ရန်၊ ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ အသိုက်အဝန်းကို တည်ဆောက်ရန်နှင့် ဒေသတွင်း ပိုမိုသာယာသော အနာဂတ်ကို ပူးတွဲဖန်တီးရန် အာဆီယံနိုင်ငံများနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။