“လန်ချန်း-မဲခေါင် မြေမြှုပ်‌ဗုံး ကင်းရှင်းရေးပရိုဂျက်” သုတေသနဆွေးနွေးပွဲကို ကမ္ဘာဒီးယားနိုင်ငံ Siem Reap တွင် ကျင်းပ

lmcchina.org, November 7, 2025
Size:

“လန်ချန်း-မဲခေါင် မြေမြှုပ်‌ဗုံး ကင်းရှင်းရေးပရိုဂျက်” သုတေသနဆွေးနွေးပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ  ကမ္ဘာဒီးယားနိုင်ငံ Siem Reap တွင် ကျင်းပခဲ့သည်။ ကမ္ဘာဒီးယားနိုင်ငံ ပြည်တွင်းရေးဝန်ကြီး၊ မြေမြှုပ်‌ဗုံး ဖယ်ဖျက်ခြင်းလှုပ်ရှားမှုနှင့် ဒုက္ခခံရသူများ ကူညီထောက်ပံ့ရေးအဖွဲ့ အမှတ် ၁ ဒုတိယ ဥက္ကဋ္ဌ  လီထူး၊ ကမ္ဘာဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယ အတွင်းရေးမှူး ဒူးဆိုလာ၊ ကမ္ဘာဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးလက်အောက်က Siem Reap ရုံးခွဲမှ တာဝန်ခံ Lu Qizhi တို့ ပါဝင်တက်ရောက်ပြီး မိန့်ခွန်းပြောကြားပေသည်။

တရုတ်၊ ကမ္ဘာဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် စသောနိုင်ငံများမှ အရာရှိများနှင့် သက်ဆိုင်ရာဌာနမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်၍ မြေမြှုပ်‌ဗုံး ကင်းရှင်းရေး အတွေ့အကြုံ မျှဝေပြီး လန်ချန်း-မဲခေါင်ဒေသတွင် မြေမြှုပ်ဗုံးနှင့် စစ်လက်နက်အကြွင်းအကျန်းများ ကင်းရှင်းရေး ရည်မှန်းချက် ရောက်ရှိအောင် ကူညီထောက်ပံ့ပေသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာတွင် တရုတ်နိုင်ငံသည် ထောက်ပံ့ငွေ ပေးခြင်း၊ ကျွမ်းကျင်သူ မွေးထုတ်ပေးခြင်း၊ ကိရိယာ ထောက်ပံ့ပေးခြင်းတို့ဖြင့် လန်ချန်း-မဲခေါင် မြေမြှုပ်‌ဗုံး ကင်းရှင်းရေးလုပ်ငန်းအတွက် များစွာ အထောက်အကူ ပြုပေးခဲ့သည်။