Han Zheng သည် ၉ ကြိမ်မြောက် အနာဂတ် ရင်းနှီးမြှုပ်နှံမှု အဆိုပြုခြင်းဆိုင်ရာ ညီလာခံကို တက်ရောက် မိန့်ခွန်းပြောကြား

CGTN, November 6, 2025
Size:

ဒေသစံတော်ချိန် အောက်တိုဘာလ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ ဒုတိယသမ္မတ Han Zheng သည် ဆော်ဒီအာရေဗျနိုင်ငံ Riyadh တွင် ကျင်းပသည့် ၉ ကြိမ်မြောက် အနာဂတ် ရင်းနှီးမြှုပ်နှံမှု အဆိုပြုခြင်း ဆိုင်ရာ ညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

Han Zheng က တရုတ်နိုင်ငံသည် ဆော်ဒီအာရေဗျ အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ Blet and Road အရည်အသွေး မြင့်မားစွာ အတူတည်ဆောက်ရန်၊ ငွေရေးကြေးရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး တိုးတက်မှုအသစ်များကို အရှိန်မြှင့်ရန်နှင့် ဆန်းသစ်တီထွင်ရေး ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်သစ်များကို ချဲ့ထွင်ရန် ဆောင်ရွက်လိုကြောင်း၊ ဒေသတွင်း နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး  မြှင့်တင်ရေးကို အကျိုးပြုရန်နှင့် ကမ္ဘာ့ နိုင်ငံအသီးသီးတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းရန် ဆောင်ရွက်လိုကြောင်း  ပြောကြားခဲ့ပါသည်။