တရုတ်သမ္မတ ရှီကျင့်ဖိန် သည် ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul နှင့် တွေ့ဆုံ

CGTN, November 6, 2025
Size:

အောက်တိုဘာလ ၃၁ ရက်နေ့ ညနေပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တောင်ကိုရီးယားနိုင်ငံ ဂယောင်းဂျူးမြို့တွင် အေပက်အဖွဲ့ ၃၂ ကြိမ်မြောက် ထိပ်သီး ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးသို့ တက်ရောက်စဉ်အတောအတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် Anutin Charnvirakul နှင့် တွေ့ဆုံခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် သည် ထိုင်းနိုင်ငံဘုရင်မကြီး Sirikit ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြေကွဲမိပြီး ထိုင်းနိုင်ငံဘုရင် Maha Vajiralongkorn အား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့် အားပေးကြောင်း တစ်ဆင့်ပြောပေးရန် မေတ္တာရပ်ခံခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် က မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပခဲ့ရာ ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကို စိစစ်အတည်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ထိုင်း နိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာချိတ်ဆက်မှုများကို မြှင့်တင်ပြီး ခေတ်သစ်တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံများကို မျှဝေရန် ဆန္ဒရှိကြောင်း၊ နှစ်ဦး နှစ်ဘက်တို့သည် အွန်လိုင်း လိမ်လည်မှုနှင့် လောင်းကစားမှု  စသည့် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို တိုက်ဖျက်ရန် မြှင့်တင်ပြီး နှစ်နိုင်ငံ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရမည် ဖြစ် ကြောင်း၊ ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသော နိုင်ငံတကာ အခြေအနေနှင့် ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေး အဆိုပြုချက်ကို အတူတကွအကောင်အထည်ဖော်ပြီး နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ကာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အကျိုးတူစီးပွားကို ထိန်းသမ်းကာကွယ်ရန် ဆန္ဒရှိကြောင်း အလေးထားပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ် Anutin Charnvirakul က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် မှ ဘုရင်မကြီး Sirikit ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခြင်းမှာ ထိုင်းပြည်သူ များအတွက် အရေးကြီးသော အဓိပ္ပါယ်ရှိပြီး ထိုင်းနိုင်ငံအနေဖြင့် များစွာ ကျေးဇူးတင်ရှိပါ ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ဗဟိုကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပသည့်အပြင် ၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်းကိုလည်း စိစစ်အတည်ပြုခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများသည် ချီးကျူးဖွယ်ကောင်းကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အွန်လိုင်း လိမ်လည်မှု နှင့် လောင်းကစားမှု  ပြစ်မှုကျူးလွန်မှုများကို ဆက်လက် တင်းကြပ်စွာ တိုက်ဖျက်မည် ဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်မှ တင်ပြခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၄ ခုသည် တရုတ်နိုင်ငံမှ နိုင်ငံတကာအရေးကိစ္စရပ်များတွင် တာဝန်ယူတတ်သော နိုင်ငံကြီး၏ အခန်းကဏ္ဍကို ဖော်ပြနိုင်ပြီး ထိုင်းနိုင်ငံအနေဖြင့် ယင်းကို တန်ဖိုးထားချီးကျူးကာ ထောက်ခံကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ညှိနှိုင်း ဆောင်ရွက်မှုများကို မြှင့်တင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင် ဝပြောရေးတို့ကို လက်တွဲမြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။