တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီသည် တရုတ်လုပ်ငန်းရှင်များအဖွဲ့ကို ဦးဆောင်ပြီး APEC စက်မှုနှင့် ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

CGTN, November 5, 2025
Size:

အောက်တိုဘာလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၀၂၅ APEC စက်မှုနှင့် ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးကို "ချိတ်ဆက်မှု၊ စီးပွားကုန်သွယ်ရေး၊ ကျော်လွန်ခြင်း" ခေါင်းစဉ်ဖြင့် တောင် ကိုရီးယားနိုင်ငံ ဂျောင်ဂျူးမြို့တွင် ကျင်းပခဲ့သည်။ တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ ဥက္ကဋ္ဌ ရန်ဟောင်ဘင်သည် တရုတ်လုပ်ငန်းရှင်များအဖွဲ့ကို ဦးဆောင်ပြီး APEC စက်မှုနှင့် ကုန်သွယ်ရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ ကိုယ်စား ၂၀၂၆ APEC စက်မှုနှင့် ကုန်သွယ်ရေး ထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို တရားဝင်လက်ခံခဲ့သည်။ APEC စီးပွားရေး အုပ်စု များမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်သည် ယခုအကြိမ်အစည်းအဝေးကို တက်ရောက်ခဲ့ပြီး ဒေသတွင်း စီးပွားရေးတစ်ပြေးညီဖြစ်စေမှု၊ ရေရှည်တည်တံ့ခိုင်မြဲစွာ ဖွံ့ဖြိုးတိုးတက်မှု၊  ဥာဏ်ရည်တု၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှု၊ ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးနှင့် ဇီဝဆေးဝါးကုသမှု စသော ခေါင်းစဉ်များအပေါ် နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ တရုတ် နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီမှ ကိုယ်စားလှယ် ၁၀၀ ကျော်သည် ယခုအကြိမ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။