တရုတ်-လာအို ရထားလမ်းမှ ကုန်စည်ပို့ဆောင်ရေးပမာဏသည် တန်ချိန် သန်း ၇၀ ကျော်ခဲ့

CGTN, November 5, 2025
Size:

တရုတ်-လာအို ရထားလမ်းစတင်လည်ပတ်ချိန်မှစ၍ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ရထားလမ်းတစ်လျှောက်တွင် ကုန်တင်ရထား အစီးရေ စုစုပေါင်း ၆၃၀၀၀  ပြေးဆွဲခဲ့ပြီး ကုန်စည် တန်ချိန် သန်း ၇၀ ကျော်ကို ပို့ဆောင်ခဲ့ကြောင်း၊  ၎င်းထဲတွင် နယ်စပ် ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် ၁၆ သန်းရှိပြီး နိုင်ငံနှင့် ဒေသ ၁၉ ခုသို့ သယ်ယူ ပို့ဆောင်ပေးခဲ့ကြောင်း   တရုတ်ရထားလမ်း ကူမင်းဗျူရိုအုပ်စုမှ သတင်းအရ သိရသည်။