၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီးခဲ့ပြီး လာမည့်နှစ်အတွက် ဖိလစ်ပိုင်က သဘာပတိ နိုင်ငံအဖြစ် တာဝန်ယူမည်

CGTN, November 4, 2025
Size:

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်း အဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသည် ဒေသစံတော်ချိန်အောက်တိုဘာလ ၂၈ ရက်နေ့တွင်  ကျင်းပပြီးစီးခဲ့ကြောင်း သိရပါသည်။

ပိတ်ပွဲအခမ်းအနားတွင် လက်ရှိ အာဆီယံသဘာပတိနိုင်ငံဖြစ်သော မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ထိပ်သီးအစည်းအဝေး၏ ရလဒ်များကို အကျဉ်းချုပ်ဖော်ပြခဲ့ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ အာဆီယံသဘာပတိနိုင်ငံအဖြစ် တရားဝင် တာဝန် ယူတော့မည့် ဖိလစ်ပိုင်နိုင်ငံထံ   အထိမ်းအမှတ် တူကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါသည်။

အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့သော ထိပ်သီးအစည်းအဝေးတွင် အာဆီယံ အသိုက် အဝန်းတည်ဆောက်ခြင်းနှင့် ပြင်ပဆက်ဆံရေးကဲ့သို့သော အကြောင်းအရာများနှင့် ပတ်သက်၍ အာဆီယံနိုင်ငံခေါင်းဆောင်များက အာရုံစိုက်ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။