အောက်တိုဘာလ ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီး Wang Xiaohong သည် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဗီဒီယိုအသွင်ပုံစံဖြင့် ဆက်သွယ်ခဲ့ပါသည်။

Wang Xiaohong က တရုတ်နှင့် မြန်မာနှစ်နိုင်ငံတို့၏ အွန်လိုင်းလိမ်လည်မှု ပြစ်မှု ကျူးလွန်မှုကို ပူးတွဲတိုက်ဖျက်ရေးတွင် အောင်မြင်မှု များစွာ ရရှိပြီး ယင်းသည် နှစ်နိုင်ငံ အကြား အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုများကို အမှန်တကယ် ပြသနိုင်ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များမှ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို အကောင် အထည်ဖော်ပြီး ယန္တရားများနှင့် စွမ်းဆောင်ရည်များစသည့် နယ်ပယ်များတွင် တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေကာ နှစ်နိုင်ငံ၏ လုံခြုံရေးနှင့် ပြည်သူများ၏ တည်ငြိမ်အေးချမ်းရေးတို့ကို အတူတကွကာကွယ်ရန် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ ပါသည်။

ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန်မှု များကို အလွန်အလေးထားပြီး အွန်လိုင်းလိမ်လည်မှုအပါအဝင် ပြစ်မှုကျူးလွန်မှုများကို တိုက်ဖျက်ရန် ထိရောက်သော ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။