ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပညာရေးပူးပေါင်းဆောင်ရွက်မှု(ဖူအယ်)ဖိုရမ် ကျင်းပ

lmcchina.org, October 31, 2025
Size:

ပဉ္စမအကြိမ်မြောက် လန်ချန်း-မဲခေါင် ပညာရေးပူးပေါင်းဆောင်ရွက်မှု(ဖူအယ်)ဖိုရမ်ကို အောက်တိုဘာလ ၂၅ ရက်က ယူနန်ပြည်နယ် ဖူအယ်မြို့ ဖူအယ်တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည်။ ပြည်တွင်းပြည်ပမှ ပညာရှင်၊ ကျွမ်းကျင်သူ ၂၀၀ ကျော်သည် တစ်စုတစ်စည်းတည်း စုဝေးခဲ့ကြပြီး ဒစ်ဂျစ်တယ်ပညာရေးနှင့် အစိမ်းရောင်အသွင်ပြောင်းမှုနယ်ပယ်များတွင် နိုင်ငံအသီးသီး၏ အတွေ့အကြုံများကို မျှဝေခဲ့ကြကာ ပညာရေးဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်ထုတ်လုပ်ငန်း ပေါင်းစည်းမှုဆိုင်ရာ လမ်းကြောင်းသစ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ယခုအကြိမ်ဖိုရမ်သည် “ပညာရေး ဦးဆောင်မှုဖြင့် ဘုံအောင်မြင်သောအနာဂတ် " ဟူသည့်ခေါင်းစဥ်ဖြင့် နိုင်ငံတကာပညာရေး ပူးပေါင်းဆောင်ရွက်မှု၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ ဒစ်ဂျစ်တယ် လူရည်ချွန်၊ ဉာဏ်ရည်တု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသောစွမ်းအင်နှင့် စမတ်စိုက်ပျိုးရေး စသည့်အကြောင်းအရာများကို အဓိကထားပြီး ဟောပြောပွဲနှင့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဒေသတွင်း ပညာရေးပူးပေါင်းဆောင်ရွက်မှုအတွက် အကြံဉာဏ်အသစ်များနှင့် နည်းလမ်းအသစ်များကို ပံ့ပိုးခဲ့ကြသည်။