ပေကျင်းမြူနီစပယ်အုပ်ချုပ်ရေးစင်တာသည် တရုတ်ကုမ္ပဏီများအတွက် အာဆီယံနှင့် ချိတ်ဆက်ရန် “ဗဟိုချက်အသစ်” ဖြစ်လာမည်

CGTN, October 31, 2025
Size:

“အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ပြီး သာယာသောအနာဂတ်ကို လက်တွဲ ထူထောင်ခြင်း” ခေါင်းစဉ်ဖြင့် တရုတ်(ပေကျင်းမြူနီစပယ်အုပ်ချုပ်ရေးစင်တာ)-အာဆီယံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဆက်ပွဲကို မကြာခင်က ပေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။ အနာဂတ်တွင် ပေကျင်းမြူနီစပယ်အုပ်ချုပ်ရေးစင်တာသည် နိုင်ငံတော် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး နမူနာဇုန်၏ အားသာချက်များကို ဆက်လက်အသုံးပြုပြီး အာဆီယံနိုင်ငံများနှင့် အစိမ်းရောင် ကုန်ထုတ်လုပ်မှု၊ ငွေရေးကြေးရေး၊ လူမှုယဉ်ကျေးမှု စသော နယ်ပယ်များတွင် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ကာ တံခါးဖွင့်သော၊ တရားမျှတသော၊ လူအများအကျိုးခံစားနိုင်သော၊ အပြန် အလှန် အကျိုးရှိစေသော ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင် ထောက်ပံ့ရေးကွင်းဆက် စနစ်ကို ပူးတွဲထူထောင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။