၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများကို မလေးရှားနိုင်ငံတွင် တရားဝင် ဖွင့်လှစ်

CGTN, October 29, 2025
Size:

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့်  ဆက်စပ် ထိပ်သီးအစည်းအဝေး များကို ဒေသ စံတော်ချိန် အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေးများ၏ ဆောင်ပုဒ်မှာ "သက်ညှာ ထောက် ထားမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု" ဖြစ်ပြီး အာဆီယံထိပ်သီး အစည်း အဝေး၊ အာဆီယံနှင့် ဆွေးနွေးဖက် ၇  နိုင်ငံအကြား ကျင်းပမည့် အာဆီယံ+၁ ထိပ်သီး အစည်း အဝေး၊ အာဆီယံ+၃ ထိပ်သီးအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီး အစည်း အဝေး၊ အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးနှင့် အာဆီယံ-နယူးဇီလန် ဆွေးနွေးဖက် ဆက် ဆံရေး  ထားရှိသည့် နှစ် ၅၀ ပြည့်   အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးတို့ ပါဝင် ကြောင်း   သိရသည်။