တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှုနှုန်းသည် ကမ္ဘာ့အဓိကစီးပွားရေးအုပ်စုများ၏ ရှေ့တန်း၌ ဆက်လက် တည်ရှိနေ

CGTN, October 28, 2025
Size:

အောက်တိုဘာလ ၂၄ရက်နေ့ နံနက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီး တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀မြောက် ဗဟို ကော်မတီ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေး၏ ရည်မှန်းချက် အကြောင်းအရာများကို ရှင်းလင်းဖော်ပြခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် ဗဟိုနိုင်ငံရေးမူဝါဒ သုတေသနရုံးမှ တာဝန်ခံ ကျန်းကျင်းချွမ်းသည် “၁၄ ခုမြောက် ၅နှစ်စီမံကိန်း”၏ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်ရေးအခြေအနေ နှင့် အောင်မြင်မှုများကို မိတ်ဆက်ပေးခဲ့ပါသည်။

၁။ စီးပွားရေးလည်ပတ်မှုသည် တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရရှိ၍ အရည်အသွေးမြင့်မားပြီး ထက်ရောက်စွာ တိုးတက်လာခဲ့သည်။

၂။ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုတွင် ကောင်းကျိုးရလဒ်များစွာရရှိပြီး အရည်အသွေးသစ် ကုန်ထုတ် စွမ်းအားသည် တည်ငြိမ်စွာတိုးတက်လာခဲ့သည်။

၃။ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး မြှင့်တင်ပြီး အရည်အသွေးမြင့် တံခါးဖွင့်ရေးကို အဆက်မပြတ် တိုးချဲ့လာခဲ့သည်။

၄။ ပြည်သူများ၏ နေထိုင်မှုဘဝ အာမခံပေးရေးသည် ခိုင်မာ တည်ငြိမ်ပြီး ဆင်းရဲမှုပပျောက်ရေး ရလဒ်များကို ခိုင်မာစွာ တိုးချဲ့လာခဲ့သည်။

၅။ အစိမ်းရောင်နှင့် ကာဗွန် နည်းသော အသွင်ကူးပြောင်းမှု  မြန်ဆန်လာပြီး ဂေဟစနစ်ပတ်ဝန်းကျင် အရည်အသွေး ဆက်တိုက် တိုးတက် ကောင်းမွန်လာခဲ့သည်။

၆။ နိုင်ငံတော် လုံခြုံရေးစွမ်းရည်ကို ထိရောက်စွာ မြှင့်တင်လာပြီး လူမှုရေးစီမံအုပ်ချုပ်မှု ၏ ထိရောက်မှုသည် အားကောင်းလာခဲ့သည်။