
အောက်တိုဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွင်း က တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် ပထဝီဝင်အနေအထားအရ နီးစပ်ပြီး တူညီသော စိတ်ကူးစိတ်သန်းများနှင့် အကျိုးစီးပွားများ မျှဝေခံစားကြကြောင်း၊ နှစ်ဖက်တို့အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ဆက်လက် နက်ရှိုင်းလာပြီး အာရှနှင့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်မှုနှင့် သေချာမှုကို ဖော်ဆောင်ပေးနေကြောင်း၊ တရုတ်နိုင်ငံအနေနှင့် အေးချမ်းတည်ငြိမ်သော သာယာဝပြောမှုရှိသော သာယာလှပပြီး ချစ်ကြည်ရင်းနှီးမှုရှိသော ဘုံအိုးအိမ်ကို တည်ဆောက်ရန်၊ ပိုမိုနွေးထွေးနီးကပ်သော တရုတ်-အာဆီယံ ကံကြမ္မတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန် ဒေသတွင်းနိုင်ငံများနှင့်အတူ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။