၁၃၈ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပြပွဲ ဒုတိယအဆင့်အား ဖွင့်လှစ်ကျင်းပ

Xinhua, October 27, 2025
Size:

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပသည့် ၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ဒုတိယအဆင့်ပြပွဲတွင် ပြည်ပမှ လာရောက်ဝယ်ယူသူကုန်သည်များက နာရီပြခန်း၌ ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ဒုတိယအဆင့်ကို အောက်တိုဘာ ၂၃ ရက်တွင် “အရည်အသွေးမြင့်သော အိမ်သုံးပစ္စည်းများ” ခေါင်းစဉ်ဖြင့် အိမ်သုံးပစ္စည်း၊ လက်ဆောင်ပစ္စည်းနှင့် အလှဆင်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းနှင့် အိမ်ထောင်ပရိဘောဂ ဟူ၍ အပိုင်း ၃ ပိုင်းခွဲကာ တစ်စုတစ်စည်းတည်း ပြသခဲ့သည်။ ဒုတိယအဆင့် အော့ဖ်လိုင်းပြပွဲ၏ စုစုပေါင်းဧရိယာသည် စတုရန်းမီတာ ၅၁၅,၀၀၀ ရှိပြီး ပြခန်းနေရာ ၂၅,၀၀၀ ရှိကာ ပါဝင်ပြသသည့် လုပ်ငန်းကုမ္ပဏီပေါင်း ၁၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပသည့် ၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ဒုတိယအဆင့်ပြပွဲတွင် ပြည်ပမှ လာရောက်ဝယ်ယူသူကုန်သည်များက အလှဆင်ပန်းအတုပြခန်းအား လေ့လာကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့၌ ကျင်းပသည့် ၁၃၈ ကြိမ်မြောက် တရုတ်ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ဒုတိယအဆင့်ပြပွဲတွင် ပြည်ပမှ လာရောက်ဝယ်ယူသူကုန်သည်များက နေ့စဉ်သုံး ကြွေထည်ပစ္စည်းကုမ္ပဏီပြခန်း၌ ဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

1  2  3  >