ပထမသုံးလပတ်တွင် တရုတ်နိုင်ငံနှင့် Belt and Road အဖွဲ့ဝင် နိုင်ငံများအကြား အစားအသောက် ကုန်သွယ်မှု ပမာဏမှာ ယွမ် ဘီလီယံ ၉၀၀ ကျော်ရှိ

CGTN, October 24, 2025
Size:

ယခုလ ၁၅ ရက်နေ့က ၂၀၂၅ ခုနှစ် Belt and Road အကောက်ခွန် အစားအသောက်ပူးပေါင်း ဆောင်ရွက်မှု ညီလာခံကို ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ Belt and Road အတူ တည်ဆောက်ရေး အဖွဲ့ဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကိုယ်စားလှယ်များက ညီလာခံသို့ တက်ရောက် ခဲ့ကြကြောင်း သိရပါသည်။

ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံနှင့်Belt and Road  အဖွဲ့ဝင် နိုင်ငံများအကြား အစားအသောက် ကုန်သွယ်မှုပမာဏမှာ ယွမ် ၉၁၅.၂၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂.၅ရာခိုင်နှုန်း တိုးမြင့်လာပြီး အပြန်အလှန်အကျိုးရှိသော ရလဒ်များ အဆက်မပြတ် တိုးများလာနေကြောင်း သိရပါသည်။