“၂၀၂၅ ခုနှစ် တရုတ်-လာအို-ဗီယက်နမ်သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော် အဓိကကူးစက်ရောဂါဆိုင်ရာ အရေးပေါ်ပူးတွဲကိုင်တွယ်စီမံရေး လေ့ကျင့်မှု”ကို အောက်တိုဘာလ ၁၄ ရက်မှ ၁၅ ရက်အထိ ယူနန်ပြည်နယ် ဖူအယ်မြို့ ကျန်းချိန်ခရိုင်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ဗီယက်နမ်၊ လာအိုနှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနများ၊ နယ်စပ်ပြည်နယ်များရှိ ကျန်မာရေးဌာနများနှင့် အဖွဲ့အစည်းများ၊ တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ယူနန်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ(မြို့)၊ ခရိုင် အဆင့်သုံးဆင့်မှ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အဖွဲ့များမှ ဝန်ထမ်း ၂၄၁ ဦးသည် အဆိုပါလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြသည်။
ယခုအကြိမ်လေ့ကျင့်မှုသည် နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါများ အစုလိုက်အပြုံလိုက် ဖြစ်ပွားမှုအား တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် နမူနာပမာထားချဥ်းကပ်လေ့ကျင့်မှုကို ဆောင်ရွက်ပြီး နယ်စပ်ဒေသရှိ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါ ပူးတွဲကာကွယ်ထိန်ချုပ်ရေးယန္တရားကို တစ်ဆင့်တိုးပြီး ပြည့်စုံစေခဲ့သည်။ ၎င်းသည် တရုတ်၊ လာအိုနှင့် ဗီယက်နမ် နယ်စပ်ဒေသများရှိ ကျန်းမာရေး အရေးပေါ်အဖွဲ့များ၏ လျင်မြန်စွာ တုံ့ပြန်မှု၊ အဝေးသို့ လျင်မြန်စွာ သွားရောက်စီမံဖြန့်ကြက်ဆောင်ရွက်မှုနှင့် လက်တွေ့ဖြေရှင်းနိုင်မှု စသည့်ပင်မစွမ်းရည်များကို ထိရောက်စွာ မြှင့်တင်ပေးခဲ့ပြီး နယ်စပ်ဒေသများရှိ ပြည်သူ့ကျန်းမာရေးကဏ္ဍလုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ကြီးမားသောကူးစက်ရောဂါဖြစ်ပွားမှုအား ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်မှုများကို ဘက်စုံတိုးတက်စေရန်အတွက် တက်ကြွစွာ စူးစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။