တရုတ်နိုင်ငံ၏ “၅ နှစ်စီမံကိန်း” အကြောင်းဆိုရာဝယ်

CGTN, October 23, 2025
Size:

တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ်မြောက် စုံညီအစည်းအဝေးကို အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ယခုအကြိမ် အစည်းအဝေးတွင် ၁၅ နှစ်မြောက် ၅ နှစ်စီမံကိန်းအား အဓိကထား ဆွေးနွေး၍ တရုတ်နိုင်ငံ၏ အနာဂတ် ၅ နှစ် (၂၀၂၆-၂၀၃၀) ၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အား အတည်ပြုသွားမည်ဖြစ်သည်။

၅ နှစ်စီမံကိန်း ဟူသည်မှာ အဘယ်နည်း။

၅ နှစ်စီမံကိန်းသည် တရုတ်နိုင်ငံမှ ချမှတ်သည့် အနာဂတ် ၅ နှစ်အတွင်း လူမှုအသိုက်အဝန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား လမ်းညွှန်သော လမ်းကြောင်းပြမြေပုံဖြစ်ပြီး အဓိကအားဖြင့် အမျိုးသား မဟာဗျူဟာရည်ရွယ်ချက်အား တင်ဆက်ပြောကြားခြင်း၊ အစိုးရလုပ်ငန်း၏ အဓိကအချက်များကို အတည်ပြုခြင်း၊ လည်ပတ်မှုအစုအဖွဲ့၏ လုပ်ရပ်အား စည်းစနစ်ကျသော ဦးဆောင်ခြင်းတို့ လုပ်ဆောင်ကာ အမျိုးသားစီမံကိန်းရေးဆွဲမှုစနစ်အတွင်း၌ စီမံဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

၅ နှစ်စီမံကိန်းအား မည်ကဲ့သို့ သတ်မှတ် အကောင်အထည်ဖော်သနည်း။

တရုတ်ကွန်မြူနစ်ပါတီ၏ အရင်းခံရည်ရွယ်ချက်သည် ပြည်သူအတွက် စိတ်ရောကိုယ်ပါ အပြည့်အဝ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ စီမံကိန်းချမှတ်ရာ၌ ထိပ်တန်းအလွှာ ဒီဇိုင်းရေးဆွဲမှုနှင့် “‌ပြည်သူများ သဘောထားမှတ်ချက် တောင်းခံခြင်း” တို့ ပေါင်းစပ်ခြင်းအား အစဉ်အမြဲ ကိုင်စွဲထားသည်။

၅ နှစ်စီမံကိန်းသည် တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးအား မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသနည်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ကတည်းက ၅ နှစ်စီမံကိန်း ၁၄ ခုအား ချမှတ်မှုနှင့် အကောင်အထည်ဖော်မှုဖြင့် တရုတ်နိုင်ငံသည် စီးပွားရေးမြန်နှုန်းမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုအသိုက်အဝန်း ကာလကြာရှည်စွာ တည်ငြိမ်မှု ဟူသည့် “အံ့ဖွယ်ကြီးနှစ်ရပ်” အား ဖန်တီးခဲ့သည်။ “၅ နှစ် စီမံကိန်း” တစ်ခုပြီးတစ်ခုသည် တရုတ်နိုင်ငံအား ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအစုအဖွဲ့အဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီအားဖြည့်ပေးပြီး အရှေ့အာရှမှ ကမ္ဘာ့စီးပွားရေး တိုးတက်မှု၏ “မောင်းနှင်အား” ဖြစ်လာစေခဲ့ပေသည်။