အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးမှ သတင်းစာရှင်းလင်းပွဲကိုကျင်းပခဲ့ရာ ၂၀၂၅ခုနှစ် ပထမသုံးလပတ်တွင် ပို့ကုန်သွင်းကုန် အခြေအနေများကို မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။
၂၀၂၅ခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်နိုင်ငံမှ အာဆီယံအဖွဲ့သို့ ပို့ကုန်သွင်းကုန် စုစုပေါင်းပမာဏသည် ယွမ် ၅.၅၇ ထရီလီယံ ရှိပြီး ၂၀၂၄ခုနှစ် အလားတူ အချိန်ပိုင်းကထက် ၉.၆ ရာခိုင်နှုန်း တိုးများကာ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေး စုစုပေါင်းပမာဏ၏ ၁၆.၆ ရာခိုင်နှုန်းပါရှိ၍ အာဆီယံအဖွဲ့သည် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးမိတ်ဖက်များအနက် ပထမနေရာတွင် ဆက်လက်တည်ရှိနေကြောင်း၊ အာဆီယံအဖွဲ့သည် တရုတ်နိုင်ငံ၏ အကြီးဆုံးသော လယ်ယာစိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်ရေး မိတ်ဖက်အနေဖြင့် ၈နှစ်ဆိုက်တိုက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။