အောက်တိုဘာလ ၁၆ ရက်နေ့တွင် ၁၃၈ ကြိမ်မြောက် ကွမ်ကျိုး သွင်းကုန်ပို့ကုန် ကုန်စည် ပြပွဲ၌ ပြသထားသည့် နေရောင်ခြည်စွမ်းအင်သုံး မီးချောင်းများက နိုင်ငံခြား ဝယ်ယူသူများ လာရောက် ကြည့်ရှု ဓာတ်ပုံရိုက်ရန် ဆွဲဆောင်နေပါသည်။ ယခုအကြိမ် ကွမ်ကျိုး သွင်းကုန် ပို့ကုန် ကုန်စည်ပြပွဲ၏ ပထမအဆင့်က "ခေတ်မီထုတ်လုပ်ရေး" ဆောင်ပုဒ်ဖြင့် အောက်တို ဘာလ ၁၅ရက်နေ့မှ ၁၉ရက်နေ့အထိ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ကျင်းပမည် ဖြစ်ပြီး ပြပွဲဧရိယာ စုစုပေါင်း စတုရန်းမီတာ ၅သိန်း ၂သောင်း ရှိကာ ပြခန်း ၂သောင်း ၅ထောင် ရှိပြီး ပါဝင်သပြသည့် လုပ်ငန်းကုမ္ပဏီပေါင်း ၁သောင်း ၂ ထောင်ခန့် ရှိပါသည်။
