လန်ချန်း-မဲခေါင် ၆ နိုင်ငံ၏ ရုပ်ပိုင်းမဟုတ်သောယဉ်ကျေးမှုအမွေအနှစ် ယူနန်ပြည်နယ် ကျင်ဟုန်းတွင် စည်းပြသ

lmcchina.org, October 17, 2025
Size:

အောက်တိုဘာလ ၁ ရက်နေမှ ၇ ရက်နေ့အထိ ၁၃ ကြိမ်မြောက် လန်ချန်း-မဲခေါင်နိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲလှုပ်ရှားမှုများမှ တစ်ခု ဖြစ်သော ”ကျော်ဖြတ်ခဲ့ခြင်းနှင့် ပြန်လည်စုံတွေ့ခြင်း” လန်ချန်း-မဲခေါင် ၆ နိုင်ငံ ရုပ်ပိုင်းမဟုတ်သောယဉ်ကျေးမှုအမွေအနှစ်သတ္တပတ်ကို “တစ်မြစ်တည်းမှရေ တစ်စိတ်တည်းတစ်ဝမ်းတည်း အနာဂတ်ဖန်တီး” ဟူသောခေါင်းစဉ်ဖြင့် ယူနန်ပြည်နယ် ကျင်ဟုန်းမြို့တွင် ကျင်းပ၍ တရုတ်ပြည်၏ အမျိုးသားနေ့နဲ့ လမုန့်ပွဲတော်အတွက် ယဉ်ကျေးမှုပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သည်။

ဤလှုပ်ရှားမှုတွင် လန်ချန်း-မဲခေါင်ဒေသမှ စီးပွားရေးလုပ်ငန်းရှင် ၇၀ ကျော် ပါဝင်ပြသပြီး နိုင်ငံအသီးသီးမှ ကြွယ်ဝလှပသော ရုပ်ပိုင်းမဟုတ်သောယဉ်ကျေးမှုအမွေအနှစ်များကို ပြသထားသည်။ ဤလှုပ်ရှားမှုသည် ပြသခြင်းနှင့် ဈေးရောင်းခြင်းပုံစံဖြင့် ကောင်းမွန်သော ယဉ်ကျေးမှုလက်ရာများကို သာမန်ပြည်သူများကို ခံစားကြည့်ရှုခွင့် ပေးခဲ့သည်။ ရှစ်ဆောင်မဏ္ဏား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသခွဲ၏ ယဉ်ကျေးမှုတီထွင်ရေးလုပ်ငန်းအတွက် အင်အားသစ် ထည့်သွင်းပေးနိုင်ပြီး လန်ချန်း-မဲခေါင် ယဉ်ကျေးမှုအမွေအနှစ်ကို အတူတကွ စောင့်ရှောက်ထိန်းသိမ်းပေးနိုင်မည်။